Apple ဟာ ပထမဆုံး 5G iPhone တွေကို ကြေညာလိုက်ပါပြီ။ အဲဒီထဲမှာ ဈေးအသက်သာဆုံးက iPhone 12 နဲ့ 12 mini ဖြစ်ပြီး iPhone 12 Pro နဲ့ Pro Max ရဲ့ အလန်းစား လုပ်ဆောင်ချက် တချို့ ထည့်ထားတာက ကျေနပ်စရာပါ။

Apple iPhone 12 official

iPhone 12

iPhone 12 မှာ အရင်မျိုးဆက်ရဲ့ IPS LCD အစား Super XDR OLED မျက်နှာပြင်နဲ့ အဆင့်မြှင့်ထားပြီး ၆.၁ လက်မ မျက်နှာပြင် အရွယ်အစားကတော့ တူညီပါတယ်။ ဒါပေမယ့် Resolution က ပိုမြင့်သွားပြီး 2532x1170p ရှိပါတယ်။ Apple က 1200 nits Brightness အထိ အမြင့်ဆုံးရောက်နိုင်တာက Pro မော်ဒယ်တွေနဲ့ တူတယ်လို့ ပြောပါတယ်။ 60Hz Refresh Rate ကတော့ သာမာန်ပဲ ဖြစ်ပြီး Notch ကို မဖျောက်သေးတာက သိပ်မမိုက်ဘူးလို့ ထင်ပါတယ်။ Apple က Gorilla Glass ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ဖန်နဲ့ မျက်နှာပြင်ကို အုပ်ထားပြီး Ceramic Shield လို့ ခေါ်ပါတယ်။ Ceramic Shield က အောက်ပြုတ်ကျတဲ့ ဒဏ်ကို ၄ ဆ ပိုခံနိုင်လာပြီး လက်ရှိ စမတ်ဖုန်း ဖန်တွေအားလုံးထက် ပိုမာကျောတယ်လို့ သိရပါတယ်။

iPhone 12 ဟာ iPhone 11 ထက် ၁၁ ရာခိုင်နှုန်း ပိုပါးလွှာလာပြီး ၁၆ ရာခိုင်နှုန်း ပိုပေါ့ပါးလာသလို ၁၅ ရာခိုင်နှုန်း ပိုကျစ်လစ်လာပါတယ်။ Green, Product Red, White, Black နဲ့ Blue အရောင်များစွာ ရွေးချယ်နိုင်တာက မိုက်ပါတယ်။

Apple iPhone 12 official

Apple A14 Bionic Chip မောင်းနှင်ထားပြီး Apple က တခြား ဘယ်ဖုန်းထက်မဆို ၅၀ ရာခိုင်နှုန်း ပိုမြန်တယ်လို့တောင် ကြွားထားပါတယ်။ Machine Learning အပိုင်းမှာ A13 Bionic ထက် ၈၀ ရာခိုင်နှုန်း ပိုမြန်လာတဲ့အတွက် Face Unlock ကနေ ကင်မရာတွေအထိ အဖက်ဖက်မှာ ပိုမြန်လာမှာပါ။

Apple iPhone 12 official

iPhone 12 အနောက်မှာ 12MP Wide ပင်မ ကင်မရာ ထည့်သွင်းထားပြီး  အလင်းဖမ်းယူတာ ၂၇ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ အပို 12MP Ultrawide ကင်မရာ ၁ လုံး ပါလာပြီး ၂ လုံးစလုံးက Smart HDR 3 ထောက်ပံ့ထားပါတယ်။ ပင်မ ကင်မရာမှာပဲ OIS ပါပြီး Ultrawide မှာ မပါလာပါဘူး။ အနောက်က ၂ လုံး အပြင် အရှေ့ဘက်က 12MP ကင်မရာကလည်း Night Mode ရိုက်ကူးနိုင်ပါတယ်။

Apple iPhone 12 official

Apple ဟာ ဘူးထဲမှာ နားကြပ်နဲ့ Charger မထည့်ပေးထားပါဘူး။ ဒါပေမယ့် MagSafe လို့ခေါ်တဲ့ 15W Wireless Charger ကိုတော့ မိတ်ဆက်သွားပါတယ်။ iPhone 12 ကို အောက်တိုဘာလ ၁၆ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၃ ရက်နေ့မှာ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၁၀ သိန်း ၄ သောင်းလောက် ကျသင့်မှာပါ။

iPhone 12 mini

Apple က ကမ္ဘာ့အသေးဆုံး 5G ဖုန်းကိုလည်း ကြေညာလိုက်ပါတယ်။ အဲဒါကတော့ iPhone 12 mini ဖြစ်ပြီး ၅.၄ လက်မ 2340x1080p Super XDR OLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 1200 nits Brightness ထောက်ပံ့ထားပြီး မျက်နှာပြင် နည်းပညာ၊ Chipset ၊ ကင်မရာ၊ Wireless Charging ၊ IP68 Rating နဲ့ အရောင်တွေက iPhone 12 နဲ့ တူပါတယ်။

Apple iPhone 12 and 12 mini are official with OLED displays, 5G

iPhone 12 နဲ့ 12 mini ၂ လုံးစလုံးအတွက် 64GB, 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ နိုင်ဝင်ဘာလ ၆ ရက်နေ့မှာ စရောင်းမှာ ဖြစ်ပြီး ၁၃ ရက်နေ့ ပို့ဆောင်ပေးမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၉ သိန်းလောက် ကျသင့်မှာပါ။ (မြန်မာနိုင်ငံရောက်ရင်တော့ အခုထက်ပိုပြီး စျေးများနိုင်ပါတယ်။)

Apple iPhone 12 official

ref : gsmarena