Facebook ဟာ သူ့ရဲ့ ကိုယ်ပိုင် Cloud Gaming Service ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Service ဟာ Nvidia, Microsoft, Google Services စတာတွေနဲ့တော့ ပြိုင်ဘက်ဖြစ်လာမှာမဟုတ်ပါဘူး။

ဝန်ဆောင်မှုသစ်ဟာ ချက်ချင်းကစားနိုင်တဲ့ ဂိမ်းတွေကိုလည်း ဖော်ပြပေးထားပါသေးတယ်။ ဂိမ်းကိုရွေးချယ်ပြီး တစ်ချက်နှိပ်လိုက်ရုံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook ရဲ့ Cloud Gaming Service ဟာ အခမဲ့ကစားနိုင်တဲ့ ဂိမ်းတွေနဲ့ စတင်ထားတာက အခြားဝန်ဆောင်မှုတွေနဲ့ ကွဲပြားခြားနားနေတာလည်း ဖြစ်ပါတယ်။

Facebook အနေနဲ့ အနာဂတ်မှာ ဒီဝန်ဆောင်မှုကို ငွေပေးချေရတဲ့ ဂိမ်းတွေနဲ့လည်း ချဲ့ထွင်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဂိမ်းကိုရယူဖို့ တစ်ပြားတစ်ချပ်မှ ကုန်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဂိမ်းအချို့ကတော့ In-game purchases (ဂိမ်းထဲရောက်မှ Item ဝယ်ချင်ရင် ပိုက်ဆံပေးရတာမျိုး) တွေ ရှိပါလိမ့်မယ်။

Facebook ဟာ Cross-play ကိုလည်း ထောက်ပံ့ထားတာကြောင့်၊ အကယ်၍ အသုံးပြုသူဟာ ဂိမ်းရဲ့ Cloud ဗားရှင်းကို ကစားမယ်ဆိုရင်၊ အလားတူကစားနေတဲ့ တခြားပြိုင်ဘက်တွေကိုလည်း ထပ်ပြီးတော့ စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ဂိမ်းအသစ်တွေကို အမြန်ဆုံး အခမဲ့ကစားဖို့ ထောက်ပံ့ပေးတယ်လို့ ဆိုနိုင်ပါတယ်။

ဂိမ်းကစားရာမှာလည်း အသုံးပြုသူရဲ့ ဓါတ်ပုံအစစ်၊ နာမည်အစစ်တွေ အသုံးမပြုချင်ဘူးဆိုရင်လည်း Facebook က ဂိမ်းအတွက် သီးသန့် Player Name နဲ့ Avatar ကို အသုံးပြုခွင့်ပေးမှာလည်း ဖြစ်ပါတယ်။ Facebook ဟာ ဂိမ်းတွေရဲ့ ကြော်ငြာပုံတွေကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေပုံရပါတယ်။ Developer တွေဟာ Screenshot ဒါမှမဟုတ် ဂိမ်းကစားနေပုံပြတဲ့ ဗီဒီယိုအတိုလေးတွေ ဖန်တီးမယ့်အစား လူတွေက ချက်ချင်းစမ်းသပ်ကစားနိုင်မယ့် Demo Version တွေ ဖန်တီးလာစေဖို့ ကြိုးစားနေပုံလည်း ရပါတယ်။

Facebook ရဲ့ Game Streaming Service နဲ့ လက်ရှိချိတ်ဆက်ထားတဲ့ Studio တွေကတော့ 2K, FunPlus, Gameloft, Glu Mobile, Gram Games, Rovio နဲ့ Wildlife တို့ ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ဒီကုမ္ပဏီတွေဟာ ကန့်သတ်ထားတဲ့ ဂိမ်းအမျိုးအစားအချို့ကိုပဲ စတင်ထားပါတယ်။ Streaming နည်းပညာ တိုးတက်လာတာနဲ့အမျှ Action နဲ့ Adventure ဂိမ်းတွေလည်း ၂၀၂၁ ရဲ့ တစ်ချိန်ချိန်မှာ ပါဝင်လာဖွယ်ရှိပါတယ်။

Asphalt 9: Legends တို့ကတော့ အခုကတည်းက ရနေပြီဖြစ်ပြီး၊ Dirt Bike Unchained ကတော့ လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ရရှိလာမယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုဟာ Android နဲ့ Web player တွေမှာပဲ ရသေးတာဖြစ်ပြီး iOS မှာတော့ မရသေးပါဘူး။

Ref: GSM Arena