Samsung ဟာ နောက်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Galaxy S21 Ultra ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းမှာ အရင်မျိုးဆက်ထက် အဆင့်မြှင့်ထားတဲ့ ကင်မရာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S20 Ultra မှာလို 108MP ကင်မရာ ပါလာမှာ ဖြစ်ပေမယ့် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ToF ကင်မရာ မထည့်သွင်းထားနိုင်ပါဘူး။
Galaxy S21 Ultra is a small improved version of S20 Ultra. Using HM3 sensor, single pixel is still 0.8um, 108MP, laser focus, no ToF.
— Ice universe (@UniverseIce) November 6, 2020
နာမည်ကျော် Leaker ၁ ယောက် ဖြစ်တဲ့ Ice Universe က အဲဒီ ဆန်ဆာမှာ တူညီတဲ့ Pixels ပမာဏ ပါလာမယ်လို့ တွစ်တာနဲ့ ဝီဘိုမှာ သတင်းပေးထားပြီး S20 Ultra ရဲ့ ISOCELL Bright HM1 ထက် ပိုကောင်းတဲ့ ISOCELL HM3 ပါလာမယ်လို့ သိရပါတယ်။ Light Sensitivity ဟာ ၁၂ ရာခိုင်နှုန်း ပိုတိုးတက်လာတဲ့အတွက် ရုပ်ပုံတွေဟာ အသေးစိတ် ပိုကျသလို ညဘက် ဓါတ်ပုံ ရိုက်တဲ့အခါမှာ ပိုမြန်လာမှာပါ။
ToF ကင်မရာ ပါမလာပေမယ့် Laser Autofocus ကိုတော့ တပ်ဆင်ပေးလာမှာ ဖြစ်ပါတယ်။ အားနည်းချက် ၁ ခုလို့ ပြောလို့ရပေမယ့် Galaxy Note20 Ultra လို စွမ်းရည်မြင့် Samsung စမတ်ဖုန်းတွေမှာလည်း ဒီနည်းလမ်းအတိုင်း ပြုလုပ်ပေးထားပါတယ်။
Gsmarena က Galaxy S20 Ultra ရဲ့ ToF ကင်မရာဟာ အရမ်းကို သိသိသာသာ အစွမ်းထက်တာ မရှိဘူးလို့ သုံးသပ်ထားပါတယ်။
Ref : gsmarena