OPPO ဟာ လက်ရှိအချိန်မှာ Reno4 Series စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း မကြာခင်မှာ နောက်ထပ် Reno5 5G စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် China TENAA Website မှာ OPPO ရဲ့ Model Number PEGM00 နာမည်နဲ့ စမတ်ဖုန်းတစ်လုံးက Certification ရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Flat Display ကိုပဲ အသုံးပြုထားတဲ့အတွက် Reno5 Pro 5G အစား ပုံမှန် Reno5 5G ဖုန်းပဲ ဖြစ်နိုင်ခြေများနေပါတယ်။

လောလောဆယ်ထွက်ရှိထားတဲ့သတင်းအရတော့ Reno5 5G စမတ်ဖုန်းဟာ 6.43″ OLED Display အပြင် 64MP + 8MP + 2MP + 2MP Sensor တွေပါဝင်တဲ့ Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 65W Fast Charging ကို Support ပြုလုပ်တဲ့ 4300mAh Battery လည်း ပါဝင်လာမှာဖြစ်ပါတယ်။

ကျန်တဲ့ Specification နဲ့ Feature တွေကိုတော့ အသေးစိတ်မသိရသေးပေမယ့် Reno5 5G စမတ်ဖုန်းဟာ Android 11 ကို အခြေခံထားတဲ့ ColorOS 11 နဲ့ မိတ်ဆက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ Reno5 5G ဖုန်းအပြင် OPPO ကနေ Reno5 Pro 5G ကိုပါ မိတ်ဆက်လာနိုင်ပြီးတော့ Reno5 Pro 5G ဖုန်းအကြောင်းကတော့ အခုအချိန်အထိ ပေါက်ကြားထားခြင်းမရှိသေးပါဘူး။

Ref – GSM Arena