Qualcomm ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ Flagship Chipset အသစ်ဖြစ်တဲ့ Snapdragon 875 Chipset အသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 875 Chipset ဟာ 5nm Architecture ကို အသုံးပြုလာမယ့်အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း သိသိသာသာကို ပိုကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

နောက်ထပ် Qualcomm Snapdragon 875 Chipset ရဲ့ အားသာချက်တစ်ခုကတော့ 100W အထက် Fast Charging တွေကို Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ လာမယ့် ၂၀၂၁ ခုနှစ်မှာ ဒီလိုမျိုး 100W Fast Charging ပါဝင်ပြီး Qualcomm Snapdragon 875 Chipset အသုံးပြုထားတဲ့ Flagship ဖုန်းအနည်ဆုံး ၅ မျိုးအထိ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ ၂၀၂၁ ပထမ ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပြီး ဖြစ်နိုင်ခြေများနေတာကတော့ Xiaomi အပါအဝင် တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကို အဓိကရည်ရွယ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဘယ်စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်လာမလဲဆိုတာကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

လောလောဆယ်မှာ Xiaomi ကနေ Mi 11 Series ကို မိတ်ဆက်သွားဖို့ရှိပြီး Samsung Galaxy S21 Series နဲ့ OnePlus 9 Series ဖုန်းတွေလည်း ၂၀၂၁ ပထမ ၃ လပတ်မှာပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 100W Fast Charging အထိ အသုံးပြုလာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena