Lenovo ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင်က FCC မှာတွေ့ခဲ့ရပြီး Moto G9 Power ကို နာမည်ပြောင်းထားတာလို့ သိခဲ့ရပါတယ်။ အဲဒီ စမတ်ဖုန်း နာမည်ကို K12 Pro လို့ ဖော်ပြထားပါတယ်။ ရက်ပိုင်းအနည်းငယ်အကြာမှာ Lenovo က နောက်ထုတ်မယ့်ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပြီး Redmi Series ကို ယှဉ်ဖိုက်မယ်လို့တောင် ကြုံးဝါးလိုက်ပါသေးတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ Lenovo က နောက်ထုတ်မယ့် ဖုန်းဟာ Lemon K12 Series လို့ Teaser ပိုစတာမှာ ရေးသား မျှဝေလိုက်ပါတယ်။ အရင်သတင်းထွက်ခဲ့တဲ့ ဖုန်း ၁ လုံးနဲ့တူညီမယ်လို့ထင်ရပြီး အနည်းဆုံးတော့ ၁ လုံးဟာ Moto G9 Version ကို နာမည်ပြောင်းကြေညာတာ ဖြစ်နိုင်ပါတယ်။

Lenovo ဟာ တစ်ချိန်တစ်ခါက စွမ်းရည်နိမ့် Processor တွေ တပ်ဆင်ထားတဲ့ စမတ်ဖုန်းတွေကို Lemon Brand အောက်ကနေ ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး ဒီတစ်ခါမှာတော့ Lemon K12 Series နဲ့ ပြန်လည် အသက်သွင်းမှာ ဖြစ်ပါတယ်။ Lenovo ရဲ့ စမတ်ဖုန်းတွေကို တရုတ်မှာ အဓိက ရောင်းပေးထားပြီး Lenovo ပိုင်တဲ့ Motorola Brand ကိုတော့ အနောက်နိုင်ငံတွေမှာ ရောင်းပေးထားပါတယ်။

အရင် သတင်းထွက်ခဲ့တဲ့ ဖုန်း နာမည်ဟာ K12 Pro  လားဆိုတာ မသေချာသေးပါဘူး။ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ Lenovo ရဲ့ စမတ်ဖုန်း အသစ်တွေ အကြောင်းကို အသေးစိတ် သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena