သတင်းများစွာ ထွက်နေတဲ့ OPPO Reno5 5G နဲ့ Reno5 Pro 5G ကို တရားဝင် ကြေညာလိုက်ပါပြီ။ အဲဒီဖုန်း ၂ လုံးဟာ အများစုတူညီကြပြီး အဓိက ကွာခြားချက်က Chipset ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ Android 11 အခြေပြု ColorOS 11 မောင်းနှင်ထားပါတယ်။
Pro မှာ MediaTek Dimensity 1000+ Chipset မောင်းနှင်ထားပါတယ်။ 8/128GB နဲ့ 12/256GB ၂ မျိုး ထုတ်လုပ်ထားပြီး ၃,၄၀၀ ယွမ်နဲ့ ၃,၈၀၀ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ ၆ သိန်း ၈ သောင်းနဲ့ ၇ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။
ရိုးရိုး မော်ဒယ်မှာ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 8/128GB နဲ့ 12/256GB ၂ မျိုး ထုတ်လုပ်ထားပြီး ၂,၇၀၀ ယွမ်နဲ့ ၃,၀၀၀ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ ၅ သိန်း ၄ သောင်းနဲ့ ၆ သိန်းလောက် အသီးသီး ကျသင့်မှာပါ။
နောက်ထပ် ကွဲပြားချက် ၁ ခုက မျက်နှာပြင်ပါ။ Pro မှာ ပိုကြီးတဲ့ ၆.၅၅ လက်မနဲ့ ရိုးရိုးမှာ ၆.၄၃ လက်မ မျက်နှာပြင်တွေ ပါလာပြီး ၂ လုံးစလုံးမှာ OLED , 1080p+ Resolution နဲ့ 90Hz Refresh Rate ထည့်ထားပါတယ်။
၂ လုံးစလုံးရဲ့ Storage က UFS 2.1 နဲ့ RAM က LPDDR4x ဖြစ်ပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် 64MP Main (EIS) , 8MP Ultrawide Angle , 2MP Macro နဲ့ 2MP Depth ၄ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး 4K 30fps ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Face Unlock ထောက်ပံ့ထားပါတယ်။
၂ လုံးစလုံးမှာ 4,300mAh ဘက်ထရီနဲ့ SuperVOOC 2.0 Charging ပါပြီး အမြင့်ဆုံး 65W Speed ကို ထောက်ပံ့ပေးပါတယ်။ Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။ USB-C Port ကနေ အားသွင်းနိုင်ပြီး Pro မှာ Headphone Jack လိုပါ သုံးနိုင်ပါတယ်။ ရိုးရိုးမှာတော့ သမားရိုးကျ 3.5mm Jack ပဲ တပ်ဆင်ထားပါတယ်။ Pro ရဲ့ အားသာချက်နောက် ၁ ခုက WiFi 6 နဲ့ NFC ပါလာတာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်မှာ WiFi 5 ပါပေမယ့် NFC မထည့်ထားပါဘူး။ SIM Slot ၂ ခုပါပေမယ့် ပထမ ၁ ခုမှာပဲ 5G ထောက်ပံ့ပြီး microSD Card မစိုက်နိုင်ပါဘူး။ ၂ လုံးစလုံးကို တရုတ်က JD.com မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။
Ref : gsmarena