ZTE ဟာ စက်တင်ဘာလမှာ မျက်နှာပြင်အောက် ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်း ZTE Axon 20 5G ကို ကြေညာခဲ့ပြီး ကမ္ဘာ့သတင်းခေါင်းစီးတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။ ကြေညာပြီးနောက် တရုတ်မှာပဲ ရောင်းပေးခဲ့ပြီး အခုတော့ နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါပြီ။

အစောပိုင်းမှာ Invitation Codes တွေနဲ့ရောင်းပေးမှာ ဖြစ်ပြီး ZTE New Vision Club နဲ့ လူမှုကွန်ရက် အကောင့်တွေကနေ Codes တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူသူတွေ အားလုံးကို ZTE TWS LiveBuds နားကြပ် ၁ ခု အခမဲ့ လက်ဆောင်ပေးမယ့် အစီအစဉ်က မိုက်ပါတယ်။

ZTE Axon 20 5G ကို ၄၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၁ သောင်းလောက် တန်ကြေးရှိပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၈ နိုင်ငံနဲ့ UK, South Korea, Ukraine, Thailand, Malaysia, Philippines, the UAE, Saudi Arabia , South Africa နိုင်ငံတွေမှာ ရောင်းပေးလိုက်ပါပြီ။

ZTE Axon 20 5G ဟာ မျက်နှာပြင်အောက် ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်း အဖြစ် သမိုင်းမှတ်တမ်း ဝင်သွားပေမယ့်လည်း ပြိုင်ဖက် ကုမ္ပဏီတွေကလည်း အလားတူ နည်းပညာမျိုးကို ဖန်တီးနေကြပါတယ်။ ဒီနည်းပညာဟာ မျက်နှာပြင်အောက်မှာ ကင်မရာမြှပ်နှံထားတဲ့အတွက် ဓါတ်ပုံ အရည်အသွေး ကျဆင်းတတ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ အဲဒီ နည်းပညာပါတဲ့ ဖုန်းတွေ အပြိုင်အဆိုင် ထွက်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena