OPPO ဟာ ပြီးခဲ့တဲ့ရက်ကပဲ Reno5 Pro+ ကို တရုတ်ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် 5G အထောက်အပံ့မရှိသလို၊ စွမ်းအားလည်းပိုနည်းတဲ့ 4G အမျိုးအစားကတော့ ဒီမိတ်ဆက်မှုမတိုင်မီ နာရီပေါင်းများစွာကတည်းက အင်တာနက်ပေါ် ရောက်နှင့်ပြီးဖြစ်ပါတယ်။

Reno5 4G မော်ဒယ်ဟာ နိုင်ငံတကာဈေးကွက်အတွက် ရည်ရွယ်ထားတာပါ။ တရားဝင်ဖြန့်ချိမှုမပြုရသေးပေမယ့်လည်း အခုထွက်ပေါ်လာတဲ့ Hands-on ဗီဒီယိုကတစ်ဆင့် ဒီဇိုင်းပိုင်းနဲ့ Specs တွေအကြောင်းတော့ သိရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒီ Hands-on ဗီဒီယိုကို အင်ဒိုနီးရှား Nextren Grid က လွှင့်တင်ခဲ့တာပါ။

ဗီဒီယိုရိုက်ကူးထားပုံဟာ စတိုးဆိုင်တစ်ဆိုင်ကပုံစံမျိုးဖြစ်ပေမယ့် အံ့သြစရာကောင်းတာကတော့ အခုအချိန်အထိ မိတ်ဆက်မယ့်သတင်းကို မကြားရသေးတာပဲ ဖြစ်ပါတယ်။ OPPO Reno5 4G ဟာ Starry Black နဲ့ Fantasy White ဆိုပြီး အရောင်နှစ်မျိုးရှိပါတယ်။ Color-switching ဒီဇိုင်းကတော့ ထုံးစံအတိုင်း တောက်တောက်ပြောင်ပြောင်နဲ့ ကြည့်လို့ကောင်းတဲ့ ဒီဇိုင်းလို့ပဲ ဆိုရပါလိမ့်မယ်။

Reno5 4G ဟာ 6.4-inch FHD+ မျက်နှာပြင်နဲ့ဖြစ်ပြီး၊ ဘယ်ဘက်အပေါ်ထောင့်မှာတော့ Punch-hole တစ်ခုရှိနေပါတယ်။ 90Hz refresh rate ဖြစ်ပြီး၊ Gorilla Glass 5 မျက်နှာပြင်အောက်မှာ Fingerprint scanner ကိုတပ်ဆင်ထားပါတယ်။ Processor ကတော့ ဒီလအစောပိုင်းပေါက်ကြားသတင်းထဲကအတိုင်း Sanpdragon 720G ပဲ ဖြစ်ပါတယ်။

8GB of RAM နဲ့ 128GB storage အမျိုးအစားတစ်မျိုးတည်းရှိပါတယ်။ ကျောဘက်မှာတော့ စတုဂံပုံကင်မရာအိမ်နဲ့အတူ ကင်မရာလေးလုံးတပ်ဆင်ထားပါတယ်။ အဓိကကင်မရာဟာ 64MP ဖြစ်ပြီး၊ 8MP ultrawide angle, 2MP sensor နဲ့ 2MP macro ကင်မရာတွေ ဖြစ်ကြပါတယ်။ Selfie ကင်မရာကတော့ 44MP ဖြစ်ပါတယ်။

Reno5 4G မှာ 4,310mAh ဘက်ထရီနဲ့ 50W fast charging ကို တောက်ပံ့ ပေးထားပါတယ်။ Android 11 အခြေခံ ColorOS 11 မောင်းနှင်ထားတာဖြစ်ပြီး အခုအချိန်အထိတော့ သတ်မှတ်ဈေးနှုန်းကိုမသိရသေးပါဘူး။ Renod5 4G ကို ဒီလကုန်မှာ မကြေညာဖြစ်ခဲ့ရင်တော့ လာမယ့်နှစ် ဇန်နဝါရီလအစောပိုင်းမှာ မိတ်ဆက်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina