Samsung ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Stable Update ကို Galaxy Note 20 Series နဲ့ S20 Series ဖုန်းတွေအတွက် ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Galaxy Note 10 Series ဖုန်းတွေအတွက် ဒီ Update ကို စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။

အဆိုပါ OneUI 3.0 Update ဟာ Stable Version ဖြစ်ပေမယ့် လောလောဆယ်မှာ Europe Region မှာပဲရရှိဦးမယ်လို့ သိရပါတယ်။ Galaxy Note 10 အပြင် Note 10+ အတွက်လည်း ထုတ်ပေးထားတာဖြစ်ပြီး Firmware Number “N97xFXXU6ETLL” အနေနဲ့ထွက်ရှိလာတာဖြစ်ပါတယ်။

Samsung ဟာ Galaxy Note 10 Series အတွက် OneUI 3.0 Update ကို လာမယ့် ဇန်နဝါရီလအတွင်းမှ ထုတ်ပေးမယ်လို့ ပြောကြားထားတာဖြစ်တဲ့အတွက် အချိန်အားဖြင့် တစ်လစောပြီး Update ရရှိလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာလည်း Galaxy S10 Series ဖုန်းတွေပါ Update ရရှိလာဖွယ်ရှိနေပါတယ်။

OneUI 3.0 Update ဟာ Android 11 Feature တွေဖြစ်တဲ့ Chat Bubble ၊ Conversation Notification ၊ One-time Permission အပြင် Media Playback Control UI ၊ Samsung Keyboard Feature Update တွေပါ ရရှိလာမယ်လို့ သိရပါတယ်။ Android Security Patch အနေနဲ့ကတော့ December 2020 ပါဝင်လာမှာပါ။

Ref – GSM Arena