တရုတ် ဖုန်း Brand တွေဟာ ဖျော်ဖြေရေးနဲ့ အားကစား လောကက နာမည်ကြီးတွေကို Brand Ambassador အဖြစ် ခန့်အပ်လေ့ရှိကြပါတယ်။ အခုတော့ Xiaomi ရွေးချယ်လိုက်တဲ့ Brand Ambassador အသစ်က ထူးခြားပါတယ်။ အဲဒီလူက တခြားလူတော့ မဟုတ်ဘဲ ကုမ္ပဏီရဲ့ စီအီးအို Lei Jun ဖြစ်ပါတယ်။ Xiaomi က ဝီဘိုမှာ ဓါတ်ပုံတွေ တင်ထားပြီး စီအီးအို Lei Jun ကို Mi 11 အတွက် Brand Ambassador အသစ် အနေနဲ့ ခန့်အပ်လိုက်တယ်လို့ အသိပေးထားပါတယ်။ စီအီးအိုကလည်း သူ့အကောင့်မှာ Mi 11 နဲ့ ဓါတ်ပုံ ၁ ပုံကို တင်လိုက်ပါတယ်။

Xiaomi Mi 11 Lei Jun

အဲဒီ ပုံက Caption မှာ Fans တွေရဲ့ တောင်းဆိုမှုကြောင့် Marketing ဌာနက သူ့ကို Brand Ambassador အသစ် အနေနဲ့ ရွေးချယ်လိုက်တာလို့ ရေးသားထားပါတယ်။ သူက အဲဒီ ဓါတ်ပုံကို Beijing Capital International Airport က T3 Terminal မှာ Billboards အနေနဲ့ တင်ထားမယ်လို့ ပြောပါသေးတယ်။

Xiaomi Mi 11 first sale rakes in over 1.5 billion yuan in 5 minutes - Gizmochina

Lei Jun ဟာ တရုတ် နည်းပညာ လောကမှာ နာမည်အကြီးဆုံး စီအီးအို ၁ ယောက် ဖြစ်ပြီး Fans တွေရဲ့ ချစ်ခင်မှုကို အများကြီးရထားတာပါ။ အဲဒီအတွက် Xiaomi က သူ့ကို ရွေးချယ်လိုက်တာ မမှားပါဘူး။ စီအီးအို လက်မှတ် ပါတဲ့ အထူးထုတ်  Mi 11 မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါတယ်။

Xiaomi ဟာ Mi 11 ကို ဒီလ ၅ ရက်နေ့မှာ ဒုတိယ အသုတ် ရောင်းမယ်လို့ ကြေညာလိုက်ပြီး Charger နဲ့ ကြိုး မပါတဲ့ Eco/Green Edition နဲ့ 55W Gan Charger နဲ့ ကြိုးပါတဲ့ Set Edition ၂ မျိုးရွေးချယ်နိုင်မှာပါ။ ၁ ရက်နေ့က ပထမ အသုတ်ရောင်းချရာမှာ ၅ မိနစ်အတွင်း အလုံးရေ ၃၅၀,၀၀၀ ကျော် ရောင်းချနိုင်တဲ့အထိ ပွဲခံခဲ့ပါတယ်။

Ref : gizmochina