Samsung က Galaxy S21 Series တွေကို ဒီလ ၁၄ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Samsung Galaxy S21 Plus နဲ့ Ultra ဖုန်း အတုတွေ ထွက်ပေါ်လာတဲ့ သတင်းတက်လာပါတယ်။ iFeng က အဲဒီဖုန်း အတုတွေ ဈေးကွက်ထဲ ရောက်လာပြီလို့ သတင်းပေးလိုက်တာ ဖြစ်ပြီး ဓါတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။ ဓါတ်ပုံတွေကို ကြည့်ရတာ အရင်ပေါက်ကြားခဲ့တဲ့ ဒီဇိုင်းတွေကို အခြေခံ ဖန်တီးထားတာလို့ ထင်ရပါတယ်။

Samsung

Samsung Galaxy S21 Plus နဲ့ Ultra ဖုန်း အစစ်တွေဟာလည်း အခု အတုတွေရဲ့ ဒီဇိုင်း အတိုင်း ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဲဒီဖုန်း အတုတွေဟာ ကောလဟာလ သတင်းလို့ပဲ ပြောနိုင်သေးပြီး သေချာတဲ့ အထောက်အထားတွေ မတွေ့ရသေးပါဘူး။ အဲဒီဖုန်း ၂ လုံးကို ကုမ္ပဏီက မကြေညာရသေးပေမယ့် အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Galaxy S21+ မှာ ၆.၃ လက်မ FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate တွေ ပါမယ်လို့ သိရပါတယ်။ Galaxy S21 Ultra မှာ ပိုကြီးတဲ့ ၆.၉ လက်မ 2K မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။

Samsung

Galaxy S21 Series အားလုံးမှာ Qualcomm Snapdragon 888 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံအပေါ်မူတည်ကာ Exynos 2100 Chipset ပါတဲ့ မော်ဒယ်တွေကိုလည်း ရောင်းချမှာ ဖြစ်ပါတယ်။ လာမယ့် ၁၄ ရက်နေ့မှာတော့ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာပါ။

Ref : gizmochina