Xiaomi ဟာ 67W Wireless Charging ပါတဲ့ စမတ်ဖုန်း အသစ် ၂ လုံးကို ဖန်တီးနေတဲ့ အထောက်အထားတွေကို MIUI 12.5 Beta Build မှာ တွေ့လာရပါတယ်။ အဲဒီ စမတ်ဖုန်း အသစ် ၂ လုံးရဲ့ လျှို့ဝှက်နာမည်တွေက Star နဲ့ Mars တို့ ဖြစ်ပါတယ်။

Xiaomi 100W fast charging is not yet ready, and here is why

အဲဒီ စမတ်ဖုန်း ၂ လုံးထဲက ၁ လုံးဟာ မကြေညာရသေးတဲ့ Xiaomi Mi 11 Pro ဖြစ်နိုင်ပေမယ့် နောက် ၁ လုံးကိုတော့ ခြေရာခံလို့ မရသေးပါဘူး။ ဒါဟာ Mi 11 Ultra လည်း ဖြစ်သွားနိုင်ပါတယ်။ သေချာတာ ၁ ခုက အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ မော်ဒယ်နံပါတ်တွေဟာ K1 , K1A နဲ့ ဆုံးတဲ့အတွက် ၁ လုံးနဲ့ ၁ လုံး ဆက်စပ်နေမှာပါ။ နောက် ၁ ခု ဖြစ်နိုင်တာက အဲဒီ စမတ်ဖုန်း ၂ လုံးဟာ အတူတူဖြစ်ပြီး မတူညီတဲ့ နိုင်ငံတွေမှာ ရောင်းချဖို့ မော်ဒယ်နံပါတ် ခွဲထားတာပါ။ ဒါ့အပြင် Star မှာ Qualcomm Snapdragon 888 Chipset မောင်းနှင်ထားမှာ သေချာပါတယ်။

Xiaomi raises the wireless fast charging bar to 80 Watts for upcoming smartphones - NotebookCheck.net News

မကြာသေးခင်က ထွက်လာတဲ့ သတင်းတွေအရ Mi 11 Pro မှာ 80W Wireless Charging ပါလာမယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာက Xiaomi ဟာ 80W Wireless Charger ကို ဖန်တီးနေပြီး အဲဒီနည်းပညာ ပါတဲ့ စမတ်ဖုန်း မကြာခင် ထွက်လာဖို့ မရှိနိုင်သေးတာပါ။

Mi 11 Pro ကို နောက်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီ ဖုန်းရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏဆိုသလို ထွက်လာနေပါတယ်။ အဲဒီထဲမှာ အခုလို Specs တချို့ ကွဲပြားနေတာတွေလည်း တွေ့လာရပါတယ်။ နောက်လမှာတော့ Mi 11 Pro ရဲ့ တရားဝင် သတင်းအချက်အလက် အသေးစိတ်ကို သိရတော့မှာပါ။

Ref : gsmarena