အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်း Social Media အသုံးပြုမှုဟာ Facebook တင်မဟုတ်တော့ဘဲ Twitter ဘက်မှာပါ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုမျိုး Twitter ကိုပြောင်းလဲအသုံးပြုတာက နိုင်ငံရေးအပြင် တခြားသောအရေးကိစ္စတွေမှာပါ Trending ဖြစ်ရပ်တွေကို အလျှင်အမြန်သိရှိနိုင်တာက ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း Facebook ကို အသုံးပြုရတာအသားကျနေတဲ့သူတွေအတွက်ကတေ့ာ Twitter ဟာ စစခြင်းမှာ မတူညီတဲ့ပုံစံအချို့ကြောင့် ခက်ခဲသလိုဖြစ်နေတတ်ပါတယ်။ ဒါက အဓိကအနေနဲ့ Tweet တစ်ခုမှာ စာလုံးရေအကန့်အသတ်ရှိတာ၊ Facebook လိုမျိုး Post တွေ၊ Tweet တွေကို Reaction ပေးလို့မရတာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Twitter ကနေ လက်ရှိမှာ တစ်ခုတည်းသော အသည်းပုံစံ “Like” Button အပြင် နောက်ထပ် Reaction တွေကိုပါ ထည့်သွင်းသွားတော့မယ်လို့ ယူဆရပါတယ်။ အဆိုပါသတင်းကိုတော့ App Researcher တစ်ဦးဖြစ်တဲ့ Jane Manchun Wong ကနေတွေ့ရှိခဲ့တာဖြစ်ပြီး မကြာခင်အချိန်တိုအတွင်းမှာ အသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Twitter မှာထည့်သွင်းလာဖို့ရှိတဲ့ Reaction တွေအနေနဲ့ကတော့ “Likes” အပြင် “Cheer” ၊ “Hmm” ၊ “Sad” နဲ့ “Haha” တို့ဖြစ်ပြီး Facebook မှာ အသုံးများတဲ့ Reaction တစ်ခုဖြစ်တဲ့ “Angry” Reaction ကိုတော့ ထည့်သွင်းလာမှာမဟုတ်ပါဘူး။

Twitter ဘက်ကနေ ယခုလိုမျိုး Reaction အသစ်တွေထည့်သွင်းမယ်ဆိုတဲ့သတင်းကို အတည်ပြုထားခြင်းမရှိပေမယ့် ပြီးခဲ့တဲ့လပိုင်းတုန်းက Direct Message တွေမှာ Reaction ပြုလုပ်နိုင်တဲ့ Feature ကို ထည့်သွင်းခဲ့ပါသေးတယ်။ ယခင်ထဲကလည်း လူတွေအချင်းချင်း Conversation စတင်ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းအသစ်တွေကို အမြဲတမ်းရှာဖွေနေတယ်လို့ ပြောကြားခဲ့ဖူးတဲ့အတွက် ဖြစ်နိုင်ခြေများပြားနေပါတယ်။

Ref – The Verge