ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်က Samsung Galaxy M21 Prime Edition ရဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်း နာမည်ဟာ Galaxy M21 2021 Edition ဖြစ်တယ်လို့ သိလာရပါတယ်။ အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ SM-M215G ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ပြုလုပ်တာ Samsung ကုမ္ပဏီ တစ်ခုထဲ မဟုတ်ပါဘူး။ ဥပမာပြောရရင် Xiaomi ကလည်း မကြာခင်က Redmi Note 8 2021 Edition ကို ကြေညာခဲ့ပါသေးတယ်။

မူလ Samsung Galaxy M21 ကို ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကြေညာခဲ့တာ ဖြစ်ပြီး Galaxy M31 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ ၆.၄ လက်မ Super AMOLED FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Exynos 9611 SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 5MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 15W Charging ပါတဲ့ 6,000mAh ဘက်ထရီ ပါပါတယ်။

ထူးခြားတာက မူလ Galaxy M31 အတွက် Prime Version ကို ထုတ်လုပ်ပေးခဲ့ပြီး မူလ မော်ဒယ်နဲ့ တော်တော် တူညီပါတယ်။ အဲဒီအတွက် Samsung Galaxy M21 2021 Edition ဟာ Samsung Galaxy M21 Prime Edition အနေနဲ့လည်း ထွက်လာနိုင်ပါတယ်။

Samsung ဟာ Galaxy M22 ကိုတောင် ကြေညာထားပြီးသား ဖြစ်ပါတယ်။ အဲဒီအတွက် Samsung Galaxy M21 2021 Edition ကို ဖန်တီးနေတယ်ဆိုတာ ထူးဆန်းနေပါတယ်။ Galaxy M22 မှာ ၆.၄ လက်မ Super AMOLED မျက်နှာပြင်၊ Helio G80 Chipset ၊ 48MP Main ကင်မရာနဲ့ 6,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ Samsung Galaxy M21 2021 Edition ကြေညာမယ့်နေ့ကို ရင်ခုန်စောင့်စားရဦးမှာပါ။

Ref : gizchina