Bloomberg ရဲ့ Mark Gurman က Apple စမတ်နာရီ Fans တွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုကို မကြာခင်က ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ Apple ရဲ့ နောက်မျိုးဆက် စမတ်နာရီတွေဟာ ထုတ်လုပ်မှု အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုတာပါ။ အခုတော့ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ အဲဒီ အခက်အခဲကို ဖြေရှင်းနိုင်ပြီလို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ ကြေညာအပြီးနောက်တစ်နေ့မှာ Watch Series 7 ကို ဝယ်ဖို့တော့ မမျှော်လင့်ပါနဲ့။ ဒါပေမယ့် Kuo က Apple ဟာ စက်တင်ဘာလလယ်မှာ အမြောက်အများ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး စတိုးတွေကို ရောက်ဖို့ နည်းနည်း စောင့်ရမယ်လို့ ပြောပါတယ်။ အမြောက်အများထုတ်လုပ်တဲ့ အချိန်ကို ၂ ပတ် နောက်ဆုတ်လိုက်တဲ့အတွက် စက်တင်ဘာလ နှောင်းပိုင်းမှာ ရောင်းချမယ်လို့ထင်ပါတယ်။
OLED G6 Panel အသစ်က ထုတ်လုပ်မှု အခက်အခဲ ဖြစ်စေတဲ့ အကြောင်းအရင်းလို့ သိရပါတယ်။ Apple အရင်က မသုံးခဲ့ဖူးတဲ့ အမျိုးအစား ဖြစ်ပြီး Cable Design အသစ်ပါလာသလို ကြံ့ခိုင်မှု ပိုကောင်းစေတဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ G6 Panel ဟာ ဈေးပိုသက်သာတယ်လို့ သိရပါတယ်။
Kuo က Luxshare ဟာ Apple Watch Series 7 တွေရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Foxconn ထက်စောကာ အဆင်သင့် ဖြစ်မယ်လို့ ပြောပါတယ်။ Kuo က Series 7 အလုံးရေ ၁၄ သန်းကနေ ၁၆ သန်းအထိ ဒီနှစ်ကုန်မှာ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး Bezel တွေ ပိုသေးငယ်လာကာ မျက်နှာပြင် ပိုကြီးလာမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gsmarena