Logitech Brand ဟာ Gaming စျေးကွက်ထဲမှာ အောင်မြင်မှုရရှိနေတဲ့ Brand တစ်ခုဖြစ်ပြီး ထုတ်လုပ်တားတဲ့ Gaming Accessories တွေနဲ့ Product တွေဟာလည်း စျေးနှုန်းမြင့်မားတယ်လို့တောင် ပြောနိုင်ပါတယ်။ အထူးသဖြင့် Wireless Gaming Headset တွေဆိုရင် အနည်းဆုံး $100 အထက်နဲ့ရောင်းချနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Logitech ကနေ စျေးသက်သာတဲ့ Wireless Gaming Headset တစ်ခုဖြစ်တဲ့ Logitech G435 ကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Logitech G435 Gaming Headset ဟာ စျေးနှုန်းအရ $80 ပဲ ကျသင့်မှာဖြစ်တာကြောင့် Logitech အတွက် စျေးအသက်သာဆုံး Wireless Gaming Headset လို့တောင် ပြောနိုင်ပါတယ်။

Logitech G435 Gaming Headset ဟာ Design ပိုင်းအရ Plastic Body ကိုပဲ အသုံးပြုထားပြီး အရောင် ၃ ရောင်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ 165g ပဲရှိတာကြောင့် တခြားသော Gaming Headset တွေနဲ့ယှဥ်ရင် ထက်ဝက်လောက်ပေါ့ပါးနေမှာပါ။ Mic ကိုတော့ပုံမှန် Gaming Headset တွေလိုမျိုး Boom Mic အစား Beam Foaming Mic ကိုပဲ အသုံးပြုထားတာကြောင့် ကြည့်ရတာ ပုံမှန် Headphone လိုမျိုးဖြစ်နေမှာပါ။

Wireless ပိုင်းမှာ Logitech G435 Gaming Headset ဟာ USB Dongle ကနေတစ်ဆင့် Lightspeed 2.4GHz Mode အပြင် Bluetooth ကိုပါ Support ပြုလုပ်ထားတာဖြစ်ပါတယ်။ Battery Life အနေနဲ့ကတော့ ၁၈ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး ပြန်လည်အားသွင်းတဲ့အချိန်မှာ USB-C ကနေတစ်ဆင့် အားသွင်းရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် စျေးသက်သာပြီး Brand ကောင်းကောင်းထဲက Wireless Gaming Headset ကို ရှာနေတယ်ဆိုရင် Logitech G435 Gaming Headset က ထိပ်ဆုံးကရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Ref – The Verge