လက်ရှိအချိန်မှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ အလုပ်အတွက် သီးသန့်ဖုန်းတစ်လုံးမထားဘူးဆိုရင် အမြဲတမ်း ကိုယ့်အလုပ်နဲ့ Personal Notification တွေ၊ Message တွေက ရောနေတတ်ပါတယ်။ ဒါကို Google ကနေ လာမယ့်နှစ်အတွင်းမှာ ဖြေရှင်းပေးသွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

ဒါကတော့ Android အတွက် Work Profile Tool ပဲဖြစ်ပြီး Personal အတွက် အသုံးပြုမယ်ဆိုရင် အလုပ်အတွက် လိုအပ်တဲ့ App တွေ၊ Data တွေကို Click တစ်ချက်နှိပ်ရုံနဲ့ Hide ပေးနိုင်သလို အလုပ်အတွက်အသုံးပြုနေရင်လည်း Personal Data တွေကို ဖော်ပြပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒါကြောင့် အလုပ်ခွင်မှာ ကိုယ့်ဖုန်းကို ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အနှောင့်အယှက်ဖြစ်စေမှာမဟုတ်တော့ပါဘူး။

Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Work Profile Feature ကိုလာမယ့် ၂၀၂၂ ခုနှစ်မှာ Google Workspace ကိုအသုံးပြုနေတဲ့သူတွေဆီကို အရင်ဆုံးထုတ်ပေးသွားမယ်လို့သိရပါတယ်။ Google ဟာ ယခုလိုမျိုး Profile တွေပြောင်းလဲတဲ့အချိန်မှာ ကိုယ့် Identity နဲ့ Single Sign-in Provider တွေအတွက် Ping ၊ Okta နဲ့ Forgerock ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးပိုင်းကို စိတ်ချရအောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Google ဟာ အခုနောက်ပိုင်းမှာ လုံခြုံရေးကို သေချာအာရုံစိုက်နေတာဖြစ်ပြီး Android Enterprise Program အတွက် Bug Bounty ဆုကြေးငွေပေးမယ့် စနစ်ကိုလည်း ကြေညာခဲ့ပါတယ်။ အဲ့ဒီအတွက် Pixel ဖုန်းတွေပေါ်မှာ Google ရဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ Software တွေနဲ့ပတ်သက်ပြီး Bug ကိုရှာတွေ့ခဲ့ရင် ဆုကြေးငွေ $250,000 အထိရရှိနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Android မှာ အခုလိုမျိုး Work Profile သီးသန့်ရရှိလာမယ်ဆိုတာကတော့ ဝမ်းသာစရာဖြစ်ပြီး အလုပ်နဲ့ Personal အတွက် ဖုန်းခွဲပြီးအသုံးပြုနေရတာကို ဖယ်ရှားနိုင်တော့မယ်လို့ ယူဆရပါတယ်။

Ref – The Verge