ဈေးကွက်ထဲမှာ ရှိနေတဲ့ Cryptocurrencies အမျိုးအစားပေါင်းက ၆၀၀၀ ကျော်ပါတယ်။ ဒါပေမဲ့ လူသိများတဲ့ ၊ တစ်နည်းအားဖြင့် တန်ဖိုးမြင့်မားတဲ့ Cryptocurrencies တွေကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခေတ်ဆန်းလာပြီဖြစ်တဲ့ Cryptocurrency ဈေးကွက်ထဲကို အသစ်တွေလည်းဆက်လက်ဝင်ရောက်နေတုန်းပဲ ဖြစ်ပါတယ်။


လက်တလော ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ Cryptocurrency တွေထဲမှာ Dragon Fortune လည်း ပါဝင်ပါတယ်။ Dragon Fortune က Binance Smart Chain (BEP20) ပလက်ဖောင်းပေါ်မှာ လည်ပတ်နေတာပါ။ အချိုးမညီတဲ့ Encryption distributed data သိုလှောင်မှု၊ တိုကင်နဲ့ စီးပွားရေးစတာတွေမှာ အသုံးပြုနိုင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ Dragon Fortune ဟာ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လည်ပတ်နေပါပြီ။

MangetGold ကတော့ Blockchain နည်းပညာကိုအသုံးပြုတဲ့ Digital asset ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကြီးပွားအောင်မြင်စေလိုတဲ့ ရည်ရွယ်ချက်လို့ ဆိုပါတယ်။ MagnetGold က ကမ္ဘာ့အကြီးဆုံးပလက်ဖောင်း Binance Smart Chain (BEP-20) က ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ Cryptocurrency ဖြစ်ပါတယ်။


Necleus ကို Stable Supply တိုကင်လို့ ဆိုနိုင်ပါတယ်။ ဈေးကွက်ထဲကို မကြာခင်ကမှ ထပ်ပြီးဝင်ရောက်လာတာ ဖြစ်ပါတယ်။ FOHO Coin က တော့ FOHO Marketplace အတွက် utility တိုကင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက Real estate assets အတွက် Blockchain-based ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ cryptocurrency ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ByteDex ဖြစ်ပါတယ်။ ByteDex က လုံခြုံစိတ်ချရတဲ့ ကုန်သွယ်မှုအတွက် Byte Cryptocurrency wallet, Non-custodial Byte Exchange နဲ့ Byte Swap ပလက်ဖောင်းဖြစ်ပါတယ်။

Ref: Money control