ဒီ ၁ ပတ်ထဲ ကျင်းပမယ့် NFT.NYC Conference ကို စိတ်ပါဝင်စားသူပေါင်း ၅,၀၀၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီ Conference ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပထမဆုံး အကြိမ် ကျင်းပခဲ့ပြီး အဲဒီနှစ်မှာ လူပေါင်း ၄၆၀ ပဲတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
NFTs ဈေးကွက်ဟာ အရမ်း လျှင်လျှင်မြန်မြန် တိုးတက်လာတဲ့အတွက် အခုနှစ် NFT.NYC Conference ကို တက်ရောက်သူ အရမ်းများပြားလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကွာတား ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ NFTs ရောင်းအားဟာ ဒေါ်လာ ၁၀ ဘီလီယမ်ကျော်တောင် ရှိခဲ့တာ ဖြစ်ပြီး အရင် ကွာတား ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းက NFTs ရောင်းအားထက် ၇၀၀ ရာခိုင်နှုန်းအထိ မြင့်မားလာတာဖြစ်တယ်လို့ DappRadar က ပြောပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံး NFTs ကို ရောင်းချထားသူက အနုပညာရှင် Mike Winkelmann aka Beeple ဖြစ်ပါတယ်။ NFTs တွေ ရောင်းချထားတဲ့ ထင်ပေါ်ကျော်ကြား လူသိများသူတွေထဲမှာ ဒါရိုက်တာ Quentin Tarantino , YouTuber Logan Paul , Wikipedia တည်ထောင်သူ Jimmy Wales , Reddit ပူးတွဲ တည်ထောင်သူ Alexis Ohanian နဲ့ Morning Brew ရဲ့ Dan Toomey တို့ ပါဝင်ပါတယ်။
NFTs တွေဟာ Blockchain နည်းပညာကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ၊ Sports Cards နဲ့ တခြား Collectibles တွေ ပိုင်ဆိုင်မှုကို သက်သေခံပေးတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ NFTs တွေဟာ ရေပန်းစားလာပြီး ထင်ပေါ်ကျော်ကြား လူသိများသူတွေ၊ ကုမ္ပဏီတွေ၊ အနုပညာရှင်တွေ၊ အားကစား အသင်းတွေ၊ Hollywood ကုမ္ပဏီတွေဟာ NFTs ဈေးကွက်ထဲကို ဝင်ရောက်လာကြပါပြီ။
Ref : morningbrew