Non-fungible Token or NFTs တွေဟာ ဂိမ်းနယ်ပယ်မှာ တော်တော် ရေပန်းစားလာပါပြီ။ ဂိမ်း လောကမှာ နာမည်ကြီးတဲ့ Zynga က ဂိမ်းတွေမှာ NFTs နဲ့ Blockchain တွေ ထည့်သွင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဆန်ဖရန်စစ္စကို အခြေစိုက် ဂိမ်း Developer Zynga ဟာ FarmVille နဲ့ CSR Racing Series လို နာမည်ကြီး ဂိမ်းတွေကို ဖန်တီးထားပြီး အခုတော့ Blockchain ဂိမ်းတွေအတွက် Matt Wolf ကို ဒုတိယ ဥက္ကဌ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

FarmVille 2 - Zynga - Zynga

Zynga ဟာ လက်ရှိ ဂိမ်းတွေမှာ NFTs နဲ့ Blockchain ကို ထည့်သွင်းမှာ ဖြစ်သလို အနာဂတ်မှာလည်း NFTs အခြေပြု ဂိမ်းတွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ Zynga ရဲ့ အကြီးတန်း ထုတ်ကုန် အရာရှိ Scott Koenigsberg က ကုမ္ပဏီဟာ နောက်ဆုံးပေါ် ပလက်ဖောင်းနဲ့ နည်းပညာ အသစ်တွေကို အစောဆုံး ထည့်သွင်းပေးနေတယ်လို့ ပြောပါတယ်။

Zynga earnings boosted by lockdown gaming habits | Financial Times

ဒစ်ဂျစ်တယ် စီးပွားရေးမှာ Blockchain နည်းပညာ ထင်ပေါ်ကျော်ကြားလာတာနဲ့ ပတ်သက်ပြီး သူက “ Wolf ဟာ NFTs တွေကနေ ဈေးကွက်အသစ်ရရှိအောင် ကျွန်တော်တို့ကို ကူညီပေးနိုင်မှာ ဖြစ်ပြီး ဂိမ်မာတွေအတွက် ပိုင်ဆိုင်မှု အသစ်တွေကို ရှာဖွေပေးနိုင်မှာပါ။ “ လို့ ပြောပါတယ်။

Matt Wolf က “ ဂိမ်မာတွေဟာ NFTs ပိုင်ရှင်တွေ ဖြစ်လာတော့မှာက အတွေ့အကြုံ အသစ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က Zynga ရဲ့ ပရိသတ် များပြားလာဖို့နဲ့ Engagement ပိုကောင်းလာဖို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

NFTs တွေဟာ စီးပွားရေး မော်ဒယ် အသစ် ဖြစ်လာပြီး Developer, Publisher နဲ့ Content Creator တွေအတွက် ဝင်ငွေရစေတာကြောင့် ဂိမ်း နယ်ပယ်ဟာ NFTs တွေကို ကြိုဆိုလာကြပါတယ်။ Electronic Arts ရဲ့ သူဌေး Andrew Wilson က ကုမ္ပဏီရဲ့ အနာဂတ်မှာ Collectible ဒစ်ဂျစ်တယ် Content တွေဟာ အရေးပါလာမှာလို့ ပြောပါတယ်။ Assasin’s Creed ကို ဖြန့်ချိထားတဲ့ Ubisoft ကလည်း Blockchain ဂိမ်းတွေကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။

Ref : cointelegraph