လက်ရှိအချိန်မှာ နာမည်အကြီးဆုံး ဘဲလေးအကသမားတစ်ဦးဖြစ်တဲ့ Natalia Osipova ဟာ Bolshi နဲ့ Royal Ballet လိုမျိုး Performance တွေကြောင့် အောင်မြင်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ ဘဲလေးအကကို အခုနှစ်အတွင်းမှာ ခေတ်စားလာတဲ့ NFT အနေနဲ့ ရောင်းချသွားမယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။
Natalia Osipova ဟာဆိုရင် လက်ရှိအချိန်မှာ လန်ဒန်မြို့မှာရှိတဲ့ တော်ဝင်ဘဲလေးအကအသင်း (Royal Opera House) မှာ Principal Dancer အနေနဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး Royal Opera House မှာလည်းလည်း Giselle အနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။ အခုသူ့ရဲ့ ပြောကြားချက်အရတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ ကမ္ဘာ့ပထမဆုံးသော ဘဲလေးအက NFT တွေကို လေလံအနေနဲ့ ရောင်းချသွားတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး NFT နဲ့ Cryptocurrency စျေးကွက်ကို ပထမဆုံးအနေနဲ့ ဝင်ရောက်ဖို့က စိတ်လှုပ်ရှားနေသလို စိတ်ပူပန်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ NFT တွေဟာ တကမ္ဘာလုံးကို လှုပ်ရှားစေခဲ့တာကြောင့် အခုလိုမျိုး ဘဲလေးအကကို အသုံးချပြီး စျေးကွက်ထဲဝင်ရောက်ဖို့ စီစဥ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Natalia Osipova ကတော့ NFT တွေကို ရောင်းချဖို့ စိတ်ကူးရရှိတာက ဘဲလေးအကသမားတွေရဲ့ သက်တမ်းဟာ အလွန်တိုတောင်းပြီးတော့ တစ်ခါတရံမှာ အသက် ၄၀ မှာတင်ရပ်တန့်လိုက်ရတာမျိုးရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အသက် ၃၅ နှစ် ရှိနေပြီဖြစ်တဲ့ Natalia ဟာ NFT အနေနဲ့ သူမရဲ့ ဘဲလေးအကတွေကို ရောင်းချဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Artist တွေအတော်များများဟာ NFT တွေကို ဖန်တီးရောင်းချနေတာဖြစ်ပြီး ပိုက်ဆံအမြောက်အများရှာဖွေနိုင်နေတာဖြစ်ပါတယ်။ Natialia Osipova ရဲ့ NFT တွေဟာ ၂ မျိုး ရောင်းချသွားမှာဖြစ်ပြီး ပထမ Short-form Giselle NFT တွေကို £8,000 နဲ့ £12,000 ကြားရောင်းချမှာဖြစ်ပြီး Long-form Left Behind NFT တွေကိုတော့ £30,000 နဲ့ £50,000 ကြားရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။
Ref – The Guardian