အောက်တိုဘာလမှာ Pixel 6 နဲ့အတူ ဒုတိယမျိုးဆက် Pixel Stand ကို မရောင်းပေးခဲ့တဲ့အတွက် Pixel Fans တွေ စိတ်ပျက်ခဲ့ရပါတယ်။ အခုတော့ Pixel Fans တွေအတွက် ဝမ်းသာစရာသတင်းကို ပြောပြချင်ပါတယ်။ ဒုတိယမျိုးဆက် Pixel Stand အတွက် ကြိုတင်မှာယူမှုကို ပြီးခဲ့တဲ့ လက ပြုလုပ်ပေးခဲ့ပြီး အခုတော့ တရားဝင် ရောင်းချပေးလိုက်ပါပြီ။

Google Pixel Stand 2nd Gen comes with fast-charging support

Pixel 6 နဲ့ 6 Pro ကိုင်ထားပြီး နောက်ဆုံးထုတ် Software တင်ထားသူတွေဟာ ဒုတိယမျိုးဆက် Pixel Stand ကို အသုံးပြုကာ ဖုန်းကို 23W (Pixel 6 အတွက် 21W) နဲ့ ကြိုးမဲ့အားသွင်းနိုင်ပါတယ်။ Stand အသစ်မှာ အပူချိန်လျှော့ချပေးတဲ့ ပန်ကာ ၁ ခု တပ်ဆင်ထားပြီး အသံ ဆူညံမှု မရှိဘူးလို့ သိရပါတယ်။ တခြား EPP စံနှုန်းပါတဲ့ စမတ်ဖုန်းတွေကို 15W အမြန်နှုန်းနဲ့ အားသွင်းပေးနိုင်ပြီး မူလ Pixel Stand ရဲ့ 10W ထက် ပိုတိုးတက်လာပါတယ်။ OnePlus Warp Charger ရဲ့ 50W အမြန်နှုန်းနဲ့ နှိုင်းယှဉ်ရင် အများကြီး လိုနေပါသေးတယ်။

The New Pixel Stand Ditches Pre-Order Status

၂၀၁၈ ခုနှစ်က Pixel 3 နဲ့အတူ ရောင်းချခဲ့တဲ့ ပထမမျိုးဆက် Pixel Stand လိုပဲ Pixel Stand အသစ်ဟာ ကြိုးမဲ့ အားသွင်းစက် ၁ လုံးထက်ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။ စမတ်ဖုန်းကို အားသွင်းစက်မှာ စိုက်ထားချိန်မှာ စမတ်နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်သလို ဒစ်ဂျစ်တယ် ဓါတ်ပုံ အယ်လ်ဘမ်လို အသုံးပြုနိုင်ပါတယ်။

ဒုတိယမျိုးဆက် Pixel Stand ကို Google Store မှာ ၇၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁၄၀,၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : androidpolice