တရုတ် အစိုးရက Blockchain နည်းပညာကို အားမပေးဘူးလို့ အရင်က ပြောထားဖူးပေမယ့် တရုတ် နိုင်ငံရဲ့ အထင်ကရ ဆင်ဟွာ သတင်းဌာနက ဒစ်ဂျစ်တယ် မီဒီယာ ဓါတ်ပုံ Collection ကို NFTs or Non-fungible Token အနေနဲ့ ဖြန့်ချိမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပြီး ဒါဟာ တရုတ် နိုင်ငံအတွက် ပထမဆုံး ဖြစ်ပါတယ်။

A screen advertising Xinhua News Agency is seen in Times Square in the Manhattan borough of New York City, New York, U.S., March 2, 2020. REUTERS/Andrew Kelly

NFTs အကြောင်းအနည်းငယ် ရှင်းပြချင်ပါတယ်။ NFTs ဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာမှာ မှတ်သားထားပါတယ်။ NFTs လို့ ဆိုရာမှာ ဓါတ်ပုံ၊ ဗီဒီယို၊ ပန်းချီ၊ ကာတွန်း၊ လက်မှတ်တွေ အပါအဝင် ဒစ်ဂျစ်တယ် ပစ္စည်းတိုင်း အကျုံးဝင်ပါတယ်။ တချို့ဆိုရင် Tweet တွေကိုတောင် NFTs အဖြစ် ရောင်းချနေကြပါတယ်။

China's Xinhua jumps on NFT bandwagon with thousands of news photos to be  issued as 'digital collectibles' | South China Morning Post

ဆင်ဟွာက ၂၀၂၁ ခုနှစ်အတွင်း သတင်းထောက်တွေ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၁၁ ပုံကို NFTs အနေနဲ့ ဒီလ ၂၄ ရက်နေ့မှာ အွန်လိုင်းကနေ အခမဲ့ ဖြန့်ချိပေးမယ်လို့ ပြောပါတယ်။ ဓါတ်ပုံ ၁ ပုံချင်းစီအတွက် ကော်ပီ ၁၀,၀၀၀ ကို Limited Edtion အနေနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီရဲ့ နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုထားတဲ့ ဓါတ်ပုံ ၁ ပုံ အပါအဝင် အဲဒီ NFTs Collection တွေကို Metaverse မှာ ဒစ်ဂျစ်တယ် အမှတ်တရ အဖြစ် ဖန်တီးမှာလို့ ဆင်ဟွာက ပြောပါတယ်။

Bitcoin အပါအဝင် Cryptocurrency တွေကို Metaverse မှာ ငွေကြေးလို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တရုတ် အစိုးရက တရားမဝင် ငွေကြေးတွေ စီးဆင်းတာ၊ ငွေကြေးခဝါချတာတွေ ဖြစ်လာနိုင်တဲ့အတွက် စက်တင်ဘာလမှာ ဒစ်ဂျစ်တယ်ငွေကြေးတွေ အရောင်းအဝယ်လုပ်တာနဲ့ Mining လုပ်တာတွေကို တားမြစ်ခဲ့ပါတယ်။

Ref : reuters