Shopify ဟာ Website နဲ့ App Store Creation Tools တွေကနေ အွန်လိုင်းမှာ အရောင်းအဝယ်တွေ ပြုလုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ အခုတော့ Shopify မှာ NFT or Non-fungible Token တွေကို ဖန်တီးနိုင်၊ ရောင်းချနိုင်ပြီ ဖြစ်ပြီး Third-party Blockchain Company ၁ ခု ဖြစ်တဲ့ GigiLabs ကို အသုံးပြုထားပါတယ်။
Shopify Plus Customer တွေအတွက် ထုတ်လုပ်ပေးထားတဲ့ App မှာ မိနစ်ပိုင်းအတွင်း NFT တွေကို ဖန်တီးနိုင်၊ ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။ NFT တွေဟာ ဒစ်ဂျစ်တယ် Collectible တွေ ဖြစ်ပြီး NFT လို့ ဆိုရာမှာ သီချင်း၊ ပန်းချီတို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပါဝင်ပါတယ်။ တချို့ဆိုရင် Tweet တွေကိုတောင် NFT အနေနဲ့ ရောင်းချနေကြပါတယ်။
NFT တွေဟာ ၂၀၂၁ ခုနှစ်မှာ အရမ်း ရေပန်းစားလာပြီး ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ဒေါ်လာ ၁၀.၇ ဘီလီယမ်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ အရင်ကွာတားထက် ၈ ဆကျော် ရောင်းအား တိုးတက်လာတာ ဖြစ်တယ်လို့ DappRadar ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။
Shopify ရဲ့ ထုတ်ကုန် ဒါရိုက်တာ Robleh Jama က “ ကျွန်တော်တို့ရဲ့ NFT App Ecosystem ဟာ ကြီးထွားတိုးတက်လာပြီး ဒစ်ဂျစ်တယ် ပစ္စည်းတွေကို Shopify စတိုးတွေမှာ တိုက်ရိုက် အရောင်းအဝယ်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : thestreet