Associated Press (AP) က Xooa အမည်ရ ကုမ္ပဏီနဲ့ ပူးပေါင်းကာ NFT တွေ ရောင်းချမယ့် ဈေးကွက် ၁ ခုကို စတင် တည်ထောင်လိုက်ပါပြီ။ Collector တွေဟာ အဲဒီ NFT ဈေးကွက်မှာ AP ရဲ့ ဆုရ သတင်း ဓါတ်ပုံတွေနဲ့ သမိုင်းဝင် မှတ်တမ်း ဓါတ်ပုံတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
AP ရဲ့ စနစ်ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ Polygon Blockchain အပေါ် အခြေခံ တည်ဆောက်ထားတာ ဖြစ်ပြီး NFT တွေထဲမှာ ဓါတ်ပုံ ရိုက်ကူးတဲ့ အချိန်၊ တည်နေရာ စတဲ့ မူလ Metadata တွေ ပါဝင်မှာ ဖြစ်ပါတယ်။ AP က ပထမဆုံး Collection ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး အာကာသ ၊ ရာသီဥတု၊ စစ်ပွဲ ဓါတ်ပုံတွေရဲ့ NFT တွေ ပါဝင်မယ်လို့ ပြောပါတယ်။ တစ်နည်းအားဖြင့် AP ဓါတ်ပုံ သတင်းထောက်တွေ လက်စွမ်းပြထားတဲ့ ဓါတ်ပုံ NFT တွေ ဖြစ်ပါတယ်။
NFT နယ်ပယ်ထဲ ဝင်ရောက်လာတာ AP က ပထမဆုံး သတင်းဌာန မဟုတ်ပါဘူး။ Quartz နဲ့ The New York Times တို့ဟာ သတင်းဆောင်းပါးတွေကို NFT အနေနဲ့ ရောင်းချထားပြီး Getty Images ရဲ့ စီအီးအို Craig Peters ကလည်း အခွင့်အလမ်းများစွာ ရှိတဲ့ NFT နယ်ပယ်ထဲ ဝင်ရောက်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောကြားခဲ့ပါတယ်။
AP က NFT ဈေးကွက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့ ဖွင့်လှစ်မယ်လို့ ပြောထားပြီး အစောဆုံး ဝယ်ယူသူတွေအတွက် အထူး အစီအစဉ်တွေ ပြုလုပ်ပေးထားနိုင်ပါတယ်။ NFT ဈေးကွက်ရဲ့ Landing Page မှာ Waitlist မှာ စာရင်းပေးသွင်းထားနို်ပြီး ဈေးကွက် ဖွင့်လှစ်ချိန်မှာ ဦးစားပေးမှုတွေရရှိမယ်လို့ ဖော်ပြထားပါတယ်။
Ref : theverge