Kylie Jenner ဟာ Instagram မှာ Follower သန်း ၃၀၀ ပြည့်သွားတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါတယ်။ အရင်က Instagram မှာ Follower အများဆုံး ဖြစ်ခဲ့တဲ့ Ariana Grande ဟာ Selena Gomez နဲ့အတူ နံပါတ် ၂ နေရာကို ဆင်းပေးလိုက်ရပြီး အဲဒီ ဒိတ်ဒိတ်ကြဲ အဆိုတော်တွေမှာ Follower ၂၈၉ သန်းစီ ရှိကြပါတယ်။

Kylie Jenner

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး Cristiano Ronaldo ကို  Instagram မှာ ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ Ronaldo ဟာ Instagram မှာ Follower အများဆုံး လူပုဂ္ဂိုလ် ဖြစ်ပြီး Follower ၃၈၈ သန်းကျော်ရှိပါတယ်။

Travis and Kylie

Cristiano Ronaldo ရဲ့ ပြိုင်ဖက် Lionel Messi ဟာ Instagram မှာ Follower သန်း ၃၀၀ ကျော်ရှိပြီး Follower အများဆုံး လူ ၁၀ ယောက်စာရင်းမှာ The Rock , Reality-TV စီစဉ်တင်ဆက်သူ Kim Kardashian နဲ့ အဆိုတော်တွေ ဖြစ်တဲ့ Beyonce , Justin Bieber တို့ ပါဝင်ပါတယ်။

Instagram ကို ၂၀၁၀ ခုနှစ်မှာ Kevin Systrom နဲ့ Mike Krieger တို့က တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ Facebook က ဒေါ်လာ ၁ ဘီလီယမ်နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာအဝန်းမှာ Instagram အသုံးပြုသူ အရေအတွက်ဟာ ၁.၃ ဘီလီယမ် ရှိနေပြီ ဖြစ်ပြီး Instagram App ကို နေ့တိုင်း အသုံးပြုသူ အရေအတွက်ဟာ သန်း ၅၀၀ ရှိပါတယ်။ Instagram ရဲ့ တရားဝင် အကောင့်မှာ ကမ္ဘာအဝန်းက Creator တွေရဲ့ နာမည်ကြီး ဓါတ်ပုံတွေကို ပြသထားပြီး Follower သန်း ၄၆၀ ကျော်တောင် ရှိကာ Follower အများဆုံး အကောင့်လို့လည်း ပြောနိုင်ပါတယ်။

Ref : bbc