Tesla ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ Full Self Driving(FSD) Beta Version 9 ကို ဖြန့်ချိခဲ့ပြီး အဲဒီအချိန်တုန်းက Software မှာ မှားယွင်းမှုတွေ ရှိနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ Elon Musk က FSD ကို အနာဂတ်မှာ စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Tesla Vision ဟာ တခြား ယာဉ်တွေရဲ့ Signals ၊ အန္တရာယ်ရှိတဲ့ သတိပေး ဆိုင်းဘုတ်၊ မော်တော်ပီကယ်၊ လူနာတင်ကား အချက်ပြမီးနဲ့ လက်ဟန်ခြေဟန်တွေကို မကြာခင်မှာ သိနားလည်လာမယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ Musk က ဒီလမကုန်ခင် FSD ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးချင်တယ်လို့ တွစ်တာကနေ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အသေးစား ယာဉ် မတော်တဆမှုများစွာ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့တဲ့အတွက် Musk ရဲ့ အစီအစဉ်ဟာ စိတ်ပူစရာဖြစ်ခဲ့ပါတယ်။
Just to note. There has not been one accident or injury since FSD beta launch. Not one. Not a single one. In that time 20k people have died on the road in car accidents. Correct @elonmusk ? (Knock on wood) #tesla $tsla
— Ross Gerber (@GerberKawasaki) January 16, 2022
အခုတော့ Tesla ရှယ်ယာ ပိုင်ရှင် Ross Gerber က FSD Beta Program ဟာ တစ်နှစ်ကြာပြီးနောက်မှာ မတော်တဆမှု လုံးဝ မရှိသေးဘူးလို့ တွစ်တာကနေ ကြေညာလိုက်ပြီး Musk ကလည်း မှန်ကန်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။
National Highway Traffic Safety Administration (NHTSA) က စုံစမ်းနေတဲ့ Model Y ပိုင်ရှင် ၁ ယောက်ရဲ့ ယာဉ်တိုက်မှုဟာ FSD Beta ကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကို Musk နဲ့ Gerber က ငြင်းဆိုလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ယာဉ်မောင်းက ကား စနစ်ကြောင့် တိုက်မိတာလို့ အကြောင်းပြပေမယ့် NHTSA က အတည်မပြုထားပါဘူး။
Model Y ပိုင်ရှင်ရဲ့ စွပ်စွဲချက်သာ မှားမယ်ဆိုရင် FSD Beta ဟာ မိုင်ပေါင်း သန်းနဲ့ချီ မောင်းနှင်အပြီးမှာ မတော်တဆမှု လုံးဝ မရှိဘူးလို့ သဘောသက်ရောက်ပါတယ်။ NHTSA က လူသား ယာဉ်မောင်းတွေဟာ မိုင် ၅၀၀,၀၀၀ မှာ အနည်းဆုံး ၁ ကြိမ် မတော်တဆမှု ဖြစ်တယ်လို့ ပြောတဲ့အတွက် Tesla ရဲ့ FSD Beta ဟာ အထင်ကြီးစရာကောင်းပါတယ်။
အလိုအလျှောက် မောင်းနှင်နိုင်တဲ့ ကားတွေဟာ လူသားတွေကို ဘေးကင်းလုံခြုံစွာ လိုရာခရီး ပို့ဆောင်ပေးနိုင်မယ့် အနာဂတ်ဟာ မဝေးတော့ဘူးလို့ ထင်ပါတယ်။
Ref : interestingengineering