John Lennon ရဲ့ သားအကြီးဆုံး Julian ဟာ ဖခင်ရဲ့ အမှတ်တရ ပစ္စည်းတွေကို NFT အနေနဲ့ ရောင်းချနေပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေထဲမှာ John Lennon ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားနဲ့ The Beatles ရဲ့ Hey Jude သီချင်း လက်ရေးစာသားတွေ ပါဝင်ပါတယ်။ ဒါ့အပြင် The Magical Mystery Tour အမည်ရ TV ရုပ်ရှင်မှာ John Lennon ဝတ်ဆင်ခဲ့တဲ့ Afghan ကုတ်အင်္ကျီနဲ့ ဖခင်က Julian Lennon ကို ပေးခဲ့တဲ့ Gibson ဂစ်တာ ၃ လုံးကိုလည်း NFT အနေနဲ့ ရောင်းချလိုက်ပါတယ်။
NFT ၁ ခုချင်းစီကို အရုပ်ရော အသံပါ ပါတဲ့ Collectible အနေနဲ့ ရောင်းချမှာ ဖြစ်ပြီး Julian Lennon ရဲ့ ပစ္စည်းနဲ့ ပတ်သက်တဲ့ ရှင်းလင်းပြောကြားမှု အသံ ပါဝင်ပါတယ်။ Hey Jude ကို ရေးသားထားတဲ့ Paul McCartney ရဲ့ လက်ရေးစာသား NFT ဟာ လေလံပွဲမှာ ဈေးအများဆုံးရမယ်လို့ ထင်ရပါတယ်။ အဲဒီ NFT ရဲ့ ကြမ်းခင်းဈေးနှုန်းဟာ ဒေါ်လာ ၃၀,၀၀၀ ဖြစ်ပြီး အဲဒီထက် ၂ ဆ ရသွားနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။
NFT ရောင်းချမှုရဲ့ တစ်စိတ်တစ်ပိုင်းကို Julian Lennon ရဲ့ White Feather Foundation ကနေ ပြုလုပ်မှာ ဖြစ်ပြီး အွန်လိုင်း လေလံပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
NFT တွေဟာ ဒစ်ဂျစ်တယ် Collectible လို့ ပြောလို့ရပြီး တခြား ပစ္စည်းတွေလိုပဲ အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ ဒစ်ဂျစ်တယ် တိုကင်တွေဟာ ပိုင်ဆိုင်သူကို သက်သေခံပေးတဲ့ အထောက်အထား ဖြစ်ပါတယ်။ NFT ပိုင်ရှင်ကို Blockchain လို့ခေါ်တဲ့ စာရင်းစာအုပ်မှာ မှတ်သားပေးထားပါတယ်။
တချို့ NFT တွေကို ဒေါ်လာ သန်းနဲ့ချီကာ ရောင်းချနေကြတဲ့အတွက် ဒစ်ဂျစ်တယ် အနုပညာ ပစ္စည်း ဈေးကွက်ဟာ တစ်ကမ္ဘာလုံး အနုပညာ ဈေးကွက်မှာ နေရာတော်တော်ယူလာကြပါပြီ။
Ref : bbc