၂၀၂၂ ခုနှစ်ရဲ့ အကြီးမားဆုံး Crypto ခိုးယူမှု ၁ ခု ဖြစ်ပေါ်လာပါတယ်။ ဟက်ကာတွေဟာ ဒစ်ဂျစ်တယ် ငွေကြေး ၁ မျိုးကနေ အခြား ၁ မျိုးကို ပြောင်းလဲပေးတဲ့ Qubit Finance ပလက်ဖောင်းက Bug ၁ ခုကို အသုံးချကာ မိနစ် ၂၀ အတွင်း ဒေါ်လာ သန်း ၈၀ ဖိုး Cryptocurrency ကို ခိုးယူခဲ့ပါတယ်။
ကုမ္ပဏီက အရေးယူမယူခင်မှာ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းဖို့ ဟက်ကာတွေကို တောင်းဆိုထားပြီး ဟက်ကာတွေက လုံခြုံရေး ဟာကွက်အကြောင်း သတင်းပေးမယ်ဆိုရင် ဒေါ်လာ ၂၅၀,၀၀၀ ပေးမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ ဟက်ကာတွေက Qubit ရဲ့ တောင်းဆိုမှုကို လိုက်လျောမလားဆိုတာ မသိရသေးပါဘူး။
Qubit ဟာ “Decentralized Finance “ (DeFi) ပလက်ဖောင်း ဖြစ်ပြီး ဒစ်ဂျစ်တယ် ငွေကြေး အရောင်းအဝယ်၊ ချေးငှားတာတို့လို ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးပါတယ်။ အဓိက Cryptocurrency ၂ ခုကို သိမ်းဆည်း၊ အရောင်းအဝယ်ပြုလုပ်တဲ့ ဒစ်ဂျစ်တယ် Ledgers တွေအကြားက Qubit ရဲ့ Bridge မှ လုံခြုံရေး ဟာကွက်ကို ဟက်ကာတွေက အသုံးချသွားတာပါ။
Bridge ဟာ Etherium ကွန်ရက်မှာ Cryptocurrency ကို ထည့်သွင်းနိုင်ပြီး တူညီတဲ့ ပမာဏကို Binance Smart Chain ကနေ ထုတ်ယူနိုင်အောင် ပြုလုပ်ပေးပါတယ်။ ငွေ ကြိုတင်ထည့်သွင်းစရာ မလိုဘဲ ထုတ်ယူနိုင်တဲ့ Qubit ရဲ့ ကုဒ် အမှားကို ဟက်ကာတွေက တွေ့ရှိပြီး အခုလို ခိုးယူသွားတာ ဖြစ်ပါတယ်။
Qubit ရဲ့ တောင်းဆိုမှုကို ဟက်ကာတွေက လက်ခံမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဟက်ကာတွေက လက်မခံရင်တော့ Qubit User ထောင်ဂဏန်းခန့်ဟာ ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်။
Ref : interestingengineering