OnePlus India က Nord CE 2 5G ကို ဒီလ ၁၇ ရက်နေ့ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ OnePlus က အဲဒီ ဖုန်းရဲ့ ဒီဇိုင်းကို အနည်းငယ်လေ့လာနိုင်မယ့် ဗီဒီယို ၁ ခုကို မျှဝေထားပြီး မျက်နှာပြင် ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု တပ်ဆင်ထားပါတယ်။ အနောက် ကင်မရာ ၃ လုံးနဲ့ Flash ၁ လုံးကို လေးထောင့်အကွက်ထဲမှာ ထည့်သွင်းထားပြီး အသံခလုတ်တွေကို ဘယ်ဘက်ခြမ်းနဲ့ ပါဝါခလုတ်ကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။

OnePlus က Nord CE 2 5G ရဲ့ Specs တွေကို အသေးစိတ် မပြောသေးပေမယ့် 65W SuperVOOC Fast Charging နဲ့ နားကြပ်ပေါက် ပါလာမယ်ဆိုတာကို အတည်ပြုထားပါတယ်။ ကုမ္ပဏီက လာမယ့်နေ့တွေမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမိုမျှဝေလာနိုင်ပါတယ်။ ပေါက်ကြားနေတဲ့သတင်းအရ Nord CE 2 5G ဟာ OPPO Reno7 SE 5G ကို ကင်မရာတွေ အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။

OnePlus Nord CE 2 5G is coming on February 17, design revealed

OnePlus ဟာ Nord CE 2 5G အပြင် OnePlus TV Y1S နဲ့ OnePlus TV Y1S Edge အမည်ရ စမတ် TV အသစ် ၂ လုံးကိုပါ ကြေညာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဘေးဘောင်ပျောက် ဒီဇိုင်းကို သုံးထားပြီး စမတ်ဖုန်း၊ နားကြပ်၊ Wearables တွေနဲ့ ချိတ်ဆက်သုံးနိုင်မယ်လို့ OnePlus က ပြောပါတယ်။

OnePlus Nord CE 2 5G is coming on February 17, design revealed

OnePlus က အဲဒီ TV တွေမှာ Android 11 မောင်းနှင်ထားမှာ ဖြစ်ပြီး Auto Low Latency Mode (ALLM) ပါလာမယ်လို့ ပြောပါတယ်။ ဒီလ ၁၇ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ TV တွေရဲ့ သတင်းအချက်အလက်တွေကို ပိုမိုသိလာရနိုင်ပါတယ်။

Ref : gsmarena