Non-fungible Token (NFT) အရောင်းအဝယ် ပြုလုပ်တဲ့ ဈေးကွက် OpenSea က ပြီးခဲ့တဲ့လမှာ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ပြီး ကုမ္ပဏီ တန်ဖိုးဟာ ဒေါ်လာ ၁၃.၃ ဘီလီယမ်ရှိလာပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ OpenSea Ventures အမည်ရ ဌာနခွဲ အသစ် ၁ ခုကို တည်ထောင်လိုက်ပြီး Web 3 Ecosystem ကြီးထွားဖို့၊ NFT တွေ ပိုမို ထုတ်လုပ်ဖို့ ၊ Decentralized Systems နဲ့ တခြား Blockchain အသုံးပြုမှုတွေကို အာရုံစိုက်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

OpenSea: The Reasonable Revolutionary | The Generalist

ဒါ့အပြင် ဖန်တီးသူတွေ၊ Developers တွေနဲ့ ဝါသနာရှင်တွေ အပါအဝင် NFT နဲ့ အလုပ်လုပ်နေတဲ့ လူမျိုးစုံကို ငွေကြေးထောက်ပံ့ပေးမယ့် Ecosystem Grants ကို OpenSea က ကြေညာလိုက်ပါတယ်။ အဲဒီ ငွေကြေးတွေကို OpenSea ရဲ့ ပူးတွဲတည်ထောင်သူ Alex Attalah က ဦးဆောင်မှာ ဖြစ်ပါတယ်။

OpenSea product lead resigns over use of insider NFT info for purchases |  Engadget

OpenSea ဟာ နာမည်ကြီးတဲ့ NFT ဈေးကွက် ၁ ခု ဖြစ်နေပြီး ပါတနာတွေထဲမှာ Andreessen Horowitz, Standard Crypto, Animoca Brands နဲ့ Kevin Hartz’s A* Capital တို့ ပါဝင်နေပါတယ်။ OpenSea ဟာ ဒစ်ဂျစ်တယ် Wallet ဝန်ဆောင်မှု ၁ ခု ဖြစ်တဲ့ Dharma Labs ကို မကြာခင်က ဝယ်ယူခဲ့ပါတယ်။ OpenSea CEO Devin Finzer က NFT ဟာ လာမယ့်နှစ်တွေအတွင်း Crypto နယ်ပယ်မှာ အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ ယုံကြည်ထားပါတယ်။

Finzer က “ သာမာန် လူတွေအတွက် NFT အသုံးပြုရတာ လွယ်ကူလာမှသာ ကျွန်တော့်ရဲ့ အတွေးအမြင်ကို သဘောပေါက်နားလည်လာကြမှာ ဖြစ်ပါတယ်။ ဒါမှသာ NFT နဲ့ Web 3 ကို လက်ခံအသုံးပြုသူတွေ များပြားလာမှာ ဖြစ်ပြီး OpenSea မှာ NFT  တွေ ရောင်းတဲ့ ၊ ဝယ်တဲ့ အတွေ့အကြုံကို ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : pymnts