ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Google ကနေ Pixel 7 Series ဖုန်းတွေအတွက် Second Generation Google Tensor Chip ကို ဆောင်ရွက်နေပြီဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေနဲ့ ပတ်သက်ပြီးနောက်ထပ်သတင်းအချို့ ပေါက်ကြားလာခဲ့ပါပြီ။
ဒါကြောင့် Google Pixel 7 Series ဖုန်းတွေဟာ 2nd Generation Tensor Chip ကို သုံးလာမှာ အတည်ပြုနိုင်ခဲ့ပြီး Codename အနေနဲ့ GS201 ဖြစ်ပြီး Cloudripper လို့ အမည်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ 2nd Generation Tensor Chip ဟာ Pixel 7 Series ဖုန်းတွေအတွက်ဖြစ်ပြီး လက်ရှိ Pixel 6 Series ဖုန်းတွေမှာသုံးနေတဲ့ Tensor GS101 Chip ကို Pixel 6a နဲ့ Pixel Notepad Device တွေမှာလည်း ဆက်လက် အသုံးပြုသွားဖို့ရှိနေတယ်လို့သိရပါတယ်။
နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ Google Pixel 7 Series ဖုန်းတွေမှာ Modem အနေနဲ့ Samsung Modem ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပြီး Exynos Modem 5300 ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါက လက်ရှိ Pixel 6 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Exynos Modem 5123 ထက် ပိုပြီးအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။
ကျန်တဲ့ Pixel 7 Series ဖုန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးပေမယ့် Pixel 7 ရဲ့ Codename ကို Cheetah လို့ နာမည်ပေးထားပြီး Pixel 7 Pro ကိုတော့ Panther လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ Google Pixel 7 Series ဖုန်းတွေဟာ ပုံမှန်အတိုင်းပဲ လာမယ့် ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။
Ref – 9to5Google