Bloomberg ရဲ့ Mark Gurman က ၂၀၂၂ ခုနှစ်မှာ ထွက်လာမယ့် Apple ကွန်ပြူတာတွေရဲ့ သတင်းအချက်အလက်တွေကို မျှဝေလာပါတယ်။ သူက Apple ဟာ အရင်နှစ်က M1 Pro နဲ့ Max ပါတဲ့ ကွန်ပြူတာတွေနဲ့ ပိုမိုစွမ်းရည်မြင့်မားတဲ့ M1 Max Version ၊ M2 Processor ပါတဲ့ ကွန်ပြူတာတွေကို ကြေညာမယ်လို့ ပြောပါတယ်။
Gurman ခန့်မှန်းထားတဲ့ ကွန်ပြူတာတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
- M1 Pro နဲ့ M2 Processor ပါတဲ့ Mac mini
- M2 Processor ပါတဲ့ ၁၃ လက်မ MacBook Pro နဲ့ ဒီဇိုင်းဆန်းသစ်ထားတဲ့ MacBook Air
- M2 Processor ပါတဲ့ ၂၄ လက်မ iMac
- M1 Pro နဲ့ M1 Max Processor ပါတဲ့ အရွယ်ကြီး iMac Pro
- M1 Max Processor ပါတဲ့ အရွယ်သေး Mac Pro
ဒီသတင်းသာ မှန်မယ်ဆိုရင် Apple ဟာ ကိုယ်ပိုင် ဆီလီကွန် ပြောင်းလဲ အသုံးပြုတာကို ဒီနှစ်ထဲမှာ အပြီးသတ် လုပ်ဆောင်နိုင်ပါတယ်။ iMac Pro နဲ့ Mac Pro ဟာ Intel Hardware ထည့်သွင်းထားတဲ့ နောက်ဆုံးထုတ် Device တွေ ဖြစ်နိုင်ပါတယ်။ iMac Pro ကို မေလ သို့မဟုတ် ဇွန်လမှာ ကြေညာနိုင်ပြီး 120Hz ProMotion ပါတဲ့ ၂၇ လက်မ mini-LED မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ Apple ဟာ မတ်လ ၈ ရက်နေ့ ပွဲမှာ ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး Mac ကို မိတ်ဆက်နိုင်ပါတယ်။
Ref : gsmarena