OnePlus ဟာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ OnePlus One ဖုန်းမှာထဲက ပုံမှန် Power Key နဲ့ Volume Key တွေအပြင် Physical Alert Slider ကိုပါ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ OnePlus ဖုန်းတိုင်းမှာ ပါဝင်ခြင်းမရှိတော့ပေမယ့် Flagship ဖုန်းတွေမှာတော့ ဆက်လက်ထည့်သွင်းနေတုန်းပဲဖြစ်ပါတယ်။
ဒါက OnePlus ဖုန်းတွေကို Apple iPhone တွေပြီးရင် တစ်ခုတည်းသော Physical Alert Slider Switch ပါဝင်တဲ့ဖုန်းတွေဖြစ်လာစေပြီး ဒီအချက်ကလည်း OnePlus ဖုန်းတွေကို ထူးခြားစေတဲ့အချက်တစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ မကြာခင်မှာ နောက်ထပ် စမတ်ဖုန်း Brand တစ်ခုမှာလည်း Physical Alert Slider Switch ကို ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။
ယခုသတင်းကိုတော့ MySmartPrice က Yogesh Brar အမည်ရှိတဲ့ Tipster တစ်ဦးကနေ ဖော်ပြခဲ့တာဖြစ်ပြီး မကြာခင်မှာ မိတ်ဆက်သွားတော့မယ့် realme ဖုန်းအသစ်တွေမှာ OnePlus ရဲ့ Alert Slider Feature ကိုပါ ထည့်သွင်းလာမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ OnePlus နဲ့ realme ကုမ္ပဏီ ၂ ခုစလုံးဟာ BBK Brand တွေပဲဖြစ်ပြီး realme က အခု Alert Slider ထည့်သွင်းသွားဖို့ကို စမ်းသပ်နေပြီလို့ သိရပါတယ်။
လက်ရှိသိထားတဲ့သတင်းတွေအရ Alert Slider ပါဝင်တဲ့ realme စမတ်ဖုန်းဟာ Mid Range ဖုန်းတစ်လုံးဖြစ်လာမယ်လို့ သိရပြီး လာမယ့် ဧပြီလအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ OnePlus Flagship ဖုန်းတွေမှာပဲ ပါဝင်တဲ့ Feature တစ်ခုကို realme Mid Range ဖုန်းတွေမှာ မြင်တွေ့ရဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။
Ref – GSM Arena