. vivo ၏ နောက်ဆုံးထွက် V23 စီးရီးများကို မြန်မာတစ်နိုင်ငံလုံးမှာ စတင်ရောင်းချနေပြီဖြစ်သည်။ vivo V series မှာ နောက်ဆုံးအသစ်ထွက်ရှိထားသည့် V23 Series ၏ စမတ်ဖုန်းကင်မရာသည် စျေးကွက် မှာ နောက်ဆုံးရေပန်းစားနေသည့် ဖုန်းတစ်လုံးဖြစ်ပါသည်။

· မတ်လ ၅ရက် နေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် V23 5G – ၁,၀၉၉,၈၀၀ ကျပ်၊ V23e – ၆၂၉,၈၀၀ ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပါပြီ။

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် မကြာသေးမီက နာမည်ကြီး V စီးရီး၏ နောက်ဆုံးအသစ်ကို ထွက်ရှိပြီး ပရိသတ်တွေနှင့် မိတ်ဆက်ခဲ့သည်။ vivo သည် V23 Series ကို မတ်လ ၅ ရက်နေ့မှ စတင်၍ ရောင်းချနေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ V23 5G သည် သုံးစွဲသူများအား သာလွန်ကောင်းမွန်သော selfie အတွေ့အကြုံများစွာအတွက် 50MP AF Portrait Selfie နှင့် 8MP Super Wide-Angle Camera တို့ပါရှိသော အရှေ့ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပါသည်။ အခြားတစ်ဖက် V23e တွင်လည်း 50MP AF Portrait Selfie ရှေ့ကင်မရာသည် Portrait Mode အမျိူးမျိူးဖြစ်ရိုက်ကူးနိုင်သာမက AI Extreme Night Portrait နှင့် Multi-Style များ ပါဝင်သည်။

Resolution မြင့်မားသော 50MP AF Portrait Selfie ရှေ့ကင်မရာသည် အလင်းရောင်အားနည်းသောအခြေအနေတွင်ပင် ပြီးပြည့်စုံသောပုံရိပ်များရရှိစေရန် အလင်းအာရုံခံနိုင်စွမ်းကို တိုးမြင့်ပေးသည့် နောက်ဆုံးပေါ် ISOCELL 3.0 နည်းပညာပါရှိသည်။ V23e ရဲ့ အရှေ့ဘက်ကင်မရာသည် Eye Auto Focus ပါဝင်တာကြောင့် selfie ရိုက်ကူးသည့်အခါ ဝေဝါးခြင်းမရှိပဲ ရုပ်ပုံအတိကျ ဖမ်းယူနိုင်ပါသည်။ ဒါ့အပြင် အရှေ့ဘက်ရှိ 8MP Super Wide-Angle Camera သည် 105° wide-angle မြင်ကွင်းကျယ် ထည့်သွင်းထားလို့ ပြီးပြည့်စုံသော (group portrait) အုပ်စုပုံ ရိုက်ကူးနိုင်ပါသည်။ အရှေ့ကင်မရာသည် Noise များကို လျော့ချပြီး Machine learning မှ တစ်ဆင့် ရုပ်ပုံအရည်အသွေးကို မြှင့်တင်ပေးခြင်းဖြင့် ညဘက်ဓာတ်ပုံရိုက်ခြင်းကို ပံ့ပိုးပေးသည့် AI Extreme Night Portrait mode ကို ထင်ရှားစေပါသည်။

V23 5G သည် 64MP GW1 Super-Sensing Camera၊ 8MP wide-angle မှန်ဘီလူးနှင့် 2MP macro ကင်မရာတို့နှင့်အတူ ကင်မရာသုံးလုံး တပ်ဆင်ထားတာလည်း ဖြစ်ပါသည်။ ကင်မရာကို အသုံးပြု၍ သုံးစွဲသူများသည် သဘာဝရှုခင်းများ၏ အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါသည်။ Super Night Mode နှင့် Bokeh Flare Portrait တို့ ပါဝင်သောကြောင့် အရည်အသွေးမြင့် ဓာတ်ပုံများကို ပိုပြီးတောက်ပစေသည်။

Metal Flat Frame နှင့် ခေတ်မီသော Color Changing Fluorite AG ဒီဇိုင်းသည် vivo ၏ ၂ နှစ်ကြာ သုတေသနပြုမှုရလဒ်အပြီးမှာ တည်ဆောက်ထားတာ ဖြစ်ပါသည်။ V23e အနာဂတ်ဒီဇိုင်းသည် 4GB Extended RAM 2.0 နှင့် 256GB ROM တို့အပြင် 12GB RAM ၏ မြင့်မားသော စံသတ်မှတ်ချက်များ ပါရှိသည်။ 44W Flash Charge ပါရှိသော 4200mAh ဘက်ထရီသည် စမတ်ဖုန်းကို ပိုမိုမြန်ဆန်စေသည်။ ဒီသတ်မှတ်ချက်များဖြင့် V23e သည် ထူးခြားသောစွမ်းဆောင်ရည်ကို ပေးဆောင်သည်။ ထို့အပြင် vivo သီးသန့် Funtouch OS 12 သည် အကောင်းဆုံးအတွေ့အကြုံအတွက် သတ်မှတ်ချက်များစွာ ထည့်သွင်းထားပါဝင်သည်။

အသစ်စက်စက် V23e သည် အချိန်တိုင်းတွင် ကြည်လင်ပြတ်သားသော ဆယ်လ်ဖီဓာတ်ပုံများကို ပေးစွမ်းရန် AI Extreme Night Portrait နှင့် Multi-Style Portrait အပါအဝင် 50MP AF Portrait Selfie ရှေ့ကင်မရာပါရှိသော Selfie ဝါသနာအိုးများအားလုံးအတွက် အထူးသင့်လျော်ပါသည်။ Double Exposure Mode၊ အဆင့်မြှင့်တင်ထားသော Dual-View ဗီဒီယိုနှင့် Steadiface Selfie ဗီဒီယိုတို့မှတစ်ဆင့် ရိုက်ကူးမှုအတွေ့အကြုံကို မြှင့်တင်ပေးပါသည်။ ညဘက်နှစ်သက်သူများအတွက် ကျောဘက်ကင်မရာတွင် 64MP Night Camera တပ်ဆင်ထားပါသည်။ V23e တွင် Extended RAM 2.0 – 8 GB + 4 GB Extended RAM အတွေ့အကြုံ ပါရှိပြီး လိုအပ်သည့်အခါတိုင်း 4GB memory ကို RAM အဖြစ် အသုံးပြုခွင့်ပေးတာကြောင့် သိုလှောင်မှုအရည်အသွေးအားလုံးကို ဖြေရှင်းပေးပြီး lag-free အတွေ့အကြုံကို ပေးစွမ်းပါသည်။ အထူ 7.36mm သာရှိသောကြောင့် V23e အသစ်သည် အလွန်ပါးလွှာပြီး ပေါ့ပါးပြီး AG glass သည် ချောမွေ့သော အထိအတွေ့ကို ပေးပါသည်။ သုံးစွဲသူများကို အကောင်းဆုံးနည်းပညာဆိုင်ရာ တိုးတက်မှုများနှင့် သုံးစွဲသူဗဟိုပြု ဆန်းသစ်တီထွင်မှုတို့ကို ပေးဆောင်ရန် Funtouch OS 12 ကိုလည်း အသုံးပြုထားသည်။

V23 series ဖုန်းတွေသည် အရောင်အားဖြင့် ၂ ရောင်စီဖြင့် စျေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပါသည်။ V23 5G တွင် Stardust Black နှင့်Sunshine Gold ၊ V23e တွင် Moonlight Shadow နှင့် Sunshine Coast Editions ဆိုပြီး ဖေဖော်ဝါရီ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပါသည်။ V23 series ကို မြန်မာနိုင်ငံတွင် မတ် ၅ ရက်နေ့မှ စတင်ပြီး V23 5G – ၁,၀၉၉,၈၀၀ ကျပ်၊ V23e – ၆၂၉,၈၀၀ ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo ကောင်တာရှိသည့် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

Press Release of vivo