OpenSea က သူ့ရဲ့ ဈေးကွက်မှာ Solana Non-fungible Tokens(NFT) တွေကို ဒစ်ဂျစ်တယ် Collectible တွေအနေနဲ့ ရောင်းချခွင့်ပြုလိုက်ပြီလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က တွစ်တာမှာ အတည်ပြုလိုက်ပါတယ်။ ဒေါ်လာ ၁၃ ဘီလီယမ်ကျော် တန်ကြေးရှိတဲ့ ကုမ္ပဏီဟာ အခုမှ ဒီလျှို့ဝှက်ချက်ကို ထုတ်ဖော်ကြေညာလိုက်တာ ဖြစ်ပါတယ်။
The best kept secret in web3🤣 pic.twitter.com/xuZn64cZ4U
— OpenSea (@opensea) March 29, 2022
ဈေးကွက် ကျွမ်းကျင်သူတွေက ဒီသတင်းကို ၂၀၂၂ ခုနှစ် အစ ကတည်းက ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ဇန်နဝါရီလနှောင်းပိုင်းမှာ နည်းပညာ ဘလော့ဂါ Jane Manchun Wong က OpenSea ဟာ Solana ဒစ်ဂျစ်တယ် Wallets ကို ထောက်ပံ့ပေးဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ သက်သေအထောက်အထားတွေကို တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အလားတူ အထောက်အထားတွေကို OpenSea ရဲ့ Web Code တွေထဲမှာ မြင်လာရပါတယ်။
Solana ဟာ Ethereum , Polygon နဲ့ Klaytn တို့ပြီးနောက် OpenSea မှာ NFT တွေ အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ စတုတ္ထမြောက် Blockchain Network ဖြစ်လာမှာပါ။ အဲဒီအထဲမှာ Solana ဟာ NFT ရောင်းအား အပိုင်းမှာ ဈေးကွက် ဦးဆောင်သူ Ethereum နဲ့ ရင်ဘောင်တန်းလာနိုင်တာလို့ Data Tracker CryptoSlam က ပြောပါတယ်။
OpenSea ရဲ့ ဈေးကွက်တိုးချဲ့မှုဟာ Solana NFT ဈေးကွက်မှာ ဦးဆောင်နေတဲ့ Magic Eden အတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ Magic Eden ဟာ ပြီးခဲ့တဲ့ ၁ ပတ်မှာ ဈေးကွက်ဝေစု ၉၀ ရာခိုင်နှုန်းကျော်နဲ့ Solana NFT ရောင်းအားကို အုပ်စိုးထားတယ်လို့ Dune Analytics Dashboard က ဖော်ပြထားပါတယ်။
Ref : coindesk