Rainbow Six Siege ဟာ လက်ရှိအချိန်အထိ PC နဲ့ Console ဂိမ်းလောကမှာ အောင်မြင်မှုရရှိနေတဲ့ Shooter Game တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Rainbow Six Siege Game Developer ဖြစ်တဲ့ Ubisoft ကနေ Mobile Gamer တွေအတွက် သတင်းကောင်းတစ်ခုကို ပြောကြားလိုက်ပါတယ်။

 

ဒါကတော့ Rainbow Six Mobile နာမည်နဲ့ Mobile Game ကို ထုတ်လုပ်သွားမှာဖြစ်ပြီး iOS အပြင် Android မှာပါ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Rainbow Six Mobile ဂိမ်းကို Develop ပြုလုပ်ခဲ့တဲ့အချိန်ကာလအနေနဲ့ ၃ နှစ်အထိရှိပြီးတော့ လက်ရှိ Mobile Shooter Game တွေထဲမှာ အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Rainbow Six Mobile ဂိမ်းဟာ ၅ ယောက်အဖွဲ့ ၂ ဖွဲ့က တစ်ဖွဲ့နဲ့ တစ်ဖွဲ့ယှဥ်ပြိုင်ဆော့ကစားရမှာဖြစ်ပြီး လက်ရှိ စမတ်ဖုန်းတွေနဲ့ အဆင်ပြေပြေဆော့ကစားနိုင်အောင် Control တွေအပြင် Gameplay ၊ Character နဲ့ Maps တွေအကုန်လုံးကို ပြန်လည် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ In-Game Visual တွေနဲ့ UI ပိုင်းကိုလည်း သီးသန့်ဆောင်ရွက်ထားတာကြောင့် Optimization ပိုင်းမှာလည်း အထူးကောင်းမွန်မှာဖြစ်ပါတယ်။

Ubisoft ရဲ့ပြောကြားချက်အရတော့ လာမယ့် ရက်သတ္တပါတ်အတွင်းမှာ တကယ့်ဆော့ကစားသူတွေနဲ့ စမ်းသပ်သွားမှာဖြစ်ပြီး လောလောဆယ်မှာ ပထမဆုံး Closed Alpha အတွက် လူတွေခေါ်ယူနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ Stable အနေနဲ့ မိတ်ဆက်သွားမလဲဆိုတာကိုတော့ ပြောကြားထားခြင်းမရှိပါဘူး။

Ref – 9to5Google