Huawei ဟာ လက်ရှိအချိန်မှာ US ကနေ Ban ထားတာကြောင့် Global စျေးကွက်မှာ ရောင်းချနေတဲ့စမတ်ဖုန်းတွေမှာ 5G Network ကို အသုံးပြုနိုင်မှာမဟုတ်တော့ဘဲ 4G အနေနဲ့ပဲ ထုတ်လုပ်နေရတာဖြစ်ပါတယ်။ ဒါကြောင့် Processor ပိုင်းအနေနဲ့လည်း အမြင့်ဆုံး Qualcomm Snapdragon 888 4G သို့မဟုတ် Kirin 9000 Chipset ကိုမှ 5G ကို Disabled ပြုလုပ်ပြီး အသုံးပြုနေရပါတယ်။
ဒါပေမယ့်လည်း ဒီလိုမျိုး Huawei စမတ်ဖုန်းတွေအနေနဲ့ 5G Network ကို အသုံးပြုနိုင်ခြင်းမရှိတာက ယခုနှစ်အတွင်းမှာ ပြောင်းလဲသွားတော့မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် Tipster တစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံတွင်း Factory Director တစ်ဦးက Weibo စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ Post တစ်ခုကြောင့်ဖြစ်ပါတယ်။
သူ့ရဲ့ပြောကြားချက်အရတော့ Huawei ဟာ Nova 10 Series ဖုန်းတွေကို လာမယ့် ဇွန်လအတွင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားပြီးတော့ မိတ်ဆက်တဲ့အချိန်မှာတော့ 4G အနေနဲ့ပဲ ရရှိသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် တတိယ ၃ လပတ်နောက်ပိုင်းမှာ 5G Network ကို Software Update အနေနဲ့ ရရှိသွားမယ်လို့ သိရပါတယ်။
Huawei Nova 10 Series ဖုန်းတွေနဲ့ ပတ်သက်ပြီး တခြားသော အချက်အလက်တွေကိုမသိရသေးပေမယ့် Huawei ကနေ ပြီးခဲ့တဲ့ Nova 9 Series ဖုန်းတွေကိုမိတ်ဆက်ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းအရ အားသာချက်တွေအများအပြားပါဝင်ခဲ့ပေမယ့် 4G Network ကိုပဲ Support ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
Ref – Gizmo China