OnePlus ဟာ တရုတ်မှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မှာ ဖြစ်ပြီး နာမည်က OnePlus Ace ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ မျှဝေထားတဲ့ ဓါတ်ပုံအရ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဘေးဘက်တွေဟာ ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ကာ Alert Slider မပါလာပါဘူး။

OnePlus Ace appears online, official launch scheduled for April 21

OnePlus Ace ကို ဧပြီလ ၂၁ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပြီး တချို့ သတင်းတွေအရ အဲဒီ ဖုန်းဟာ realme GT Neo3 ကို နာမည်ပြောင်း ရောင်းချတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ဧပြီလ ၂၈ ရက်နေ့ ကြေညာမယ့် OnePlus 10R နဲ့ OnePlus Ace ဟာလည်း တူညီသွားနိုင်ပါတယ်။

OnePlus Ace official launch scheduled for April 21 - GSMArena.com news

OnePlus Ace ရဲ့ ဓါတ်ပုံ အသစ်တွေ ပေါက်ကြားလာပြီး အနောက်ကင်မရာ စုဖွဲ့ထားပုံဟာ အရင်က ပေါက်ကြားခဲ့တဲ့ဓါတ်ပုံတွေနဲ့ တူညီနေပါတယ်။ အနောက်ဘက်မှာ မျဉ်းကြောင်းတွေ ပါလာတာက ထူးခြားပြီး IR Sensor ကို ထိပ်မှာ တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ USB-C Port ပါလာပြီး အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံတော့ မပါလာပါဘူး။ မျက်နှာပြင်မှာ အရွယ်သေး Notch ပါလာမလား၊ Punch Hole ပါလာမလား ဆိုတာ မသိရသေးပါဘူး။

OnePlus Ace ကို ကြေညာဖို့ ရက်အနည်းငယ်လိုသေးတဲ့အတွက် ဒီအတောအတွင်းမှာ OnePlus က အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဝေမျှလာနိုင်ပါတယ်။

Ref : gsmarena