UAE လေကြောင်းလိုင်း Emirates က ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေအတွက် Non-fungible Token (NFT) တွေကို ဖြန့်ချိမှာ ဖြစ်သလို Metaverse အတွေ့အကြုံတွေ ခံစားနိုင်အောင် ဖန်တီးပေးမယ်လို့ ပြောပါတယ်။ UAE ရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ ဒစ်ဂျစ်တယ် ပစ္စည်း စီမံကိန်းတွေကြောင့် အခုလို ပြုလုပ်ပေးမှာဖြစ်တယ်လို့ Emirates က ပြောပါတယ်။

Emirates airline welcomes UK's decision to add UAE to its 'amber list' for travel | Al Arabiya English

လေကြောင်းလိုင်းရဲ့ မကြာခင်က ထုတ်ပြန် ကြေညာချက်ထဲမှာ ပထမဆုံး စီမံကိန်းကို စတင် ပြုလုပ်နေပြီ ဖြစ်ပြီး လာမယ့် လအနည်းငယ်အတွင်းမှာ စတင် ဖြန့်ချိတော့မယ်လို့ ရေးသားထားပါတယ်။ NFT စီမံကိန်းနဲ့ ပတ်သက်ပြီး လေကြောင်းလိုင်းရဲ့ စီအီးအို Sheikh Ahmed bin Saeed Al Maktoum က ကုမ္ပဏီဟာ အဆင့်မြင့် နည်းပညာတွေနဲ့ ပတ်သက်ပြီး သမိုင်းကြောင်း ရှိတယ်လို့ ပြောပြပါတယ်။

Cruise over UAE on Emirates' special flight - but only if you are fully vaccinated | Aviation – Gulf News

သူက ကုမ္ပဏီရဲ့ NFT စီမံကိန်းနဲ့ ပတ်သက်ပြီး “ အနာဂတ် ဒစ်ဂျစ်တယ် နယ်ပယ်ရဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေပါတယ်။ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုကာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးဖို့ ငွေကြေးနဲ့ အရင်းအမြစ်များစွာ အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီကနေ ဝင်ငွေ၊ Brand အတွေ့အကြုံနဲ့ စီးပွားရေး ဈေးကွက်တွေ ရရှိမှာ ဖြစ်ပါတယ်။  “ လို့ ပြောပါတယ်။

လေကြောင်းလိုင်းရဲ့ မကြာခင်က ထုတ်ပြန် ကြေညာချက်ထဲမှာ ကုမ္ပဏီဟာ Web3 နည်းဗျူဟာအတွက် မိတ်ဖက် ကုမ္ပဏီတွေနဲ့ ပူးပေါင်း အလုပ်လုပ်သွားမယ်လို့ ရေးသားထားပါတယ်။

Ref : news.bitcoin