Huawei က နောက်မျိုးဆက် Foldable စမတ်ဖုန်းရဲ့ Teaser ၁ ခုကို မျှဝေလိုက်ပါတယ်။ Mate Xs 2 ကို ဧပြီလ ၂၈ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး စွမ်းရည်မြင့်တဲ့ Foldable စမတ်ဖုန်း ဖြစ်တယ်လို့ ညွှန်းဆိုထားပါတယ်။

Huawei confirms Mate Xs 2 will be announced April 28

ဖုန်းမိတ်ဆက်ပွဲကို  တရုတ်မှာ ဒေသစံတော်ချိန် ည ၇ နာရီမှာ ပြုလုပ်မှာ ဖြစ်ပြီး Huawei က မျှဝေထားတဲ့ Teaser အရ Mate Xs 2 မှာ Hinge ကို အဆင့်မြှင့်တင်ထားမှာ ဖြစ်ပါတယ်။ Huawei ဟာ Mate Xs က ပြဿနာတွေကို ဖြေရှင်းပေးထားမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းပိုကောင်းအောင် ပြုလုပ်ပေးထားနိုင်ပါတယ်။

HUAWEI Mate Xs - HUAWEI Global

MyFixGuide က မကြာခင်က စာရင်းတင်ထားတဲ့ Huawei 4G ဖုန်း PAL-AL00 ဟာ Mate Xs 2 ဖြစ်နိုင်တယ်လို့ ပြောပြီး အဲဒီမှာ Kirin 9000 Chipset နဲ့ Harmony OS ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Huawie Mate Xs ကို ကြေညာထားတာ ၂ နှစ်နီးပါး ရှိပြီ ဖြစ်တဲ့အတွက် Huawei ဟာ Mate Xs 2 မှာ ဘယ်လောက်အထိ စွမ်းဆောင်ရည် မြင့်မားအောင် ပြုလုပ်ပေးထားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တရုတ် နိုင်ငံ ပြင်ပမှာ Huawei Mate Xs 2 ကို မရောင်းချနိုင်ဘူးလို့ ထင်ရပါတယ်။

Ref : gsmarena