အခုနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီတွေအကုန်လုံးနီးပါးက Metaverse ထဲကို ဝင်ရောက်ဖို့ကြိုးစားနေတာကြတာဖြစ်ပါတယ်။ အခုလည်း Music Awards Show တစ်ခုဖြစ်တဲ့ ဒုတိယအကြိမ်မြောက် Song Breaker Awards ဆုပေးပွဲကို ပထမဆုံးအနေနဲ့ Metaverse ထဲမှာ ဧပြီလ ၃၀ ရက်နေ့တုန်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Music Awards Show ဟာ Metaverse ဆိုပေမယ့် Meta ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Metaverse မဟုတ်ဘဲ Roblox ကနေတစ်ဆင့်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Metaverse Music Awards Show မှာ Social Media Star Bretman Rock က Host ပြုလုပ်ခဲ့ပြီး နာမည်ကြီး Pop Star တစ်ဦးဖြစ်တဲ့ Lizzo ကနေ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

အခု Music Awards ဟာ အင်တာနက် Trend တွေကို စတင်ခဲ့တဲ့ Creator ၁၀ ဦးကို ဆုချီးမြှင့်မှာဖြစ်ပြီး Musician Gayle ၊ Grammy ဆုစကာတင်စာရင်းဝင် Walker Hayes အပြင် တခြားသော နာမည်ကြီး Celebrities တွေဖြစ်တဲ့ Jaden Smith ၊ Roblox သက်တမ်းရင့်ဆော့ကစားသူတစ်ဦးဖြစ်တဲ့ MeganPlays နဲ့ Twitch Streamer Shroud တို့လည်းပါဝင်ခဲ့ပါတယ်။ အဆိုပါ Show ကို Roblox ကနေတစ်ဆင့်ကြည့်ရှုနိုင်မှာဖြစ်ပြီး မေလ ၁ ရက်နေ့မှာလည်း ပြန်လည်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

ဒီလိုမျိုး Metaverse ထဲမှာ Lizzo လိုမျိုး Pop အဆိုတော်တွေဖျော်ဖြေတာဟာ အဓိကအနေနဲ့ Logitech ကနေ ဆောင်ရွက်ခဲ့တာကြောင့်ဖြစ်ပြီး နောက်ပိုင်းမှာလည်း တခြားသော အနုပညာရှင်တွေအနေနဲ့ Metaverse ထဲကို ပိုပြီးဝင်ရောက်လာကြမယ်လို့ ယူဆရပါတယ်။

Ref – Engadget