Vivo က တရုတ်မှာ Y72t အမည်ရ စွမ်းရည်သင့် ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ 5G ဆက်သွယ်မှု ပါလာပြီး အရွယ်ကြီး ဘက်ထရီ၊ FHD+ မျက်နှာပြင်နဲ့ 50MP Main ကင်မရာ ထည့်သွင်းထားပါတယ်။
Vivo Y72t မှာ ၆.၅၈ လက်မ LCD Full HD+ မျက်နှာပြင် ပါလာပြီး 20:9 Aspect Ratio နဲ့ 401 ppi Pixel Density ထောက်ပံ့ထားပါတယ်။ 60Hz Refresh Rate ပါလာပြီး Screen-to-body Ratio က ၉၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံက 163.87 x 75.33 x 9.17mm ဖြစ်ပြီး အလေးချိန်က ၂၀၀ ဂရမ် ဖြစ်ပါတယ်။
Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာ ၂ လုံး ပါလာပါတယ်။ ကင်မရာ ၂ လုံးစလုံးက Full HD Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။ Android 11 အခြေပြု OriginOS 1.0 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။
Vivo Y72t မှာ Dimensity 700 Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM နဲ့ 256GB UFS 3.1 Storage အထိ ထည့်သွင်းထားပါတယ်။ 6,000mAh ဘက်ထရီနဲ့ 18W Fast Charging ထောက်ပံ့ထားပြီး Dual SIM Slot , WiFi 802.11ac, Bluetooth 5.1 , USB C Port , 3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။
Vivo Y72t ကို တရုတ်မှာ ၂၃ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး 8/128GB နဲ့ 8/256GB ၂ မျိုးထုတ်လုပ်ထားကာ ၁,၃၉၉ ယွမ်နဲ့ ၁,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၈၀,၀၀၀ နဲ့ ၄၄၀,၀၀ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Interstellar Powder (ပန်းရောင်) ၊ Deep Sea Black နဲ့ Blue Sea အရောင်တွေ ထုတ်လုပ်ထားပါတယ်။
Ref : gizmochina