Samsung Galaxy Z Fold3 ဟာ တကယ်ကောင်းတဲ့ Foldable ဖုန်း ဖြစ်ပေမယ့် အဓိက ပြဿနာက အပြင်ဘက် မျက်နှာပြင်ရဲ့ Aspect Ratio ဟာ အရမ်း ရှည်နေတဲ့အတွက် စာရိုက်ရတာ အဆင်မပြေပါဘူး။ အခု တရုတ်က ထွက်လာတဲ့ သတင်းအရ နောက်မျိုးဆက် ဖုန်းမှာ အဲဒီ ပြဿနာကို ဖြေရှင်းပေးထားမှာ ဖြစ်ပါတယ်။
Galaxy Z Fold3 နဲ့ Galaxy Z Fold4 တို့ရဲ့ ဖောက်ထွင်းမြင်ရတဲ့ Case တွေ ပေါက်ကြားလာပြီး Galaxy Z Fold4 ဟာ ပိုကျယ်လာပါတယ်။ အဲဒီအတွက် ကာဗာ မျက်နှာပြင်ရဲ့ Aspect Ratio ဟာ Fold3 လောက် သိပ်မရှည်တော့ပါဘူး။
အခု Case တွေကို ထုတ်လုပ်သူဟာ Samsung ထံကနေ တရားဝင် အရွယ်အစားတွေကို ရယူကာ ဖန်တီးထားပုံရပါတယ်။ အဲဒီ အရွယ်အစားအတိုင်းသာဆိုရင် Galaxy Z Fold4 ကို ပိတ်ထားချိန်မှာ အပြင်ဘက် မျက်နှာပြင်ကို အသုံးပြုရတာ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
အခု Case တွေအရ Fold4 ရဲ့ ကင်မရာ Island ဟာ Fold3 နဲ့ အရမ်းကို ဆင်တူပြီး ဆေးတောင့်ပုံ အကွက်ထဲမှာ ဆန်ဆာတွေကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက Fold4 ရဲ့ Foldable မျက်နှာပြင်မှာ ခေါက်ချိုးရာ သိပ်မထင်ဘူးလို့ သတင်းထွက်ခဲ့ပြီး Fold3 ထက် ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ Samsung ဟာ Fold4 မှာ အဖက်ဖက်က တိုးတက်အောင် ပြုလုပ်နေတဲ့ပုံပေါ်ပါတယ်။
Ref : gsmarena