Samsung က One UI 4.1 Software ကို ဖေဖော်ဝါရီလမှာ Galaxy S22 Series နဲ့အတူ မိတ်ဆက်ခဲ့ပြီး နောက် ၃ လအတွင်းမှာ တခြား Device တွေအတွက် ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယား ကုမ္ပဏီ Samsung ဟာ One UI 4.1 ရဲ့ Update ဖြစ်တဲ့ One UI 4.1.1 ကို ဖြန့်ချိပေးဖို့ ပြင်ဆင်နေပါတယ်။ Samsung က One UI 4.1.1 ကို ဒီနှစ်နှောင်းပိုင်းမှာ Foldable စမတ်ဖုန်းတွေနဲ့အတူ ကြေညာနိုင်ပါတယ်။

Samsung One UI 4.1 (Android 12) update roll out tracker [Cont. updated]

One UI 4.1.1 အမည်ကို Samsung Support Agent ၁ ယောက်က အတည်ပြုလိုက်တာ ဖြစ်ပြီး လက်ရှိ One UI 4.1.1 မှာ Error တွေ ရှိနေပေမယ့် ဖြန့်ချိတဲ့အချိန်မှာ Error အားလုံးကို ပြင်ဆင်ပြီးသားဖြစ်နေမယ်လို့ ပြောပါတယ်။

One UI 4.1 ကနေ 4.1.1 ကို အဆင့်မြှင့်ပေးတာ မထူးဆန်းပါဘူး။ Samsung ဟာ One UI 3.1 တုန်းကလည်း One UI 3.1.1 ကို ဖြန့်ချိပေးခဲ့ပါတယ်။ ပေါက်ကြားနေတဲ့သတင်းအရ Android 13 အခြေပြု နောက်မျိုးဆက် Software Update ကို One UI 5 အနေနဲ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။ Google က Android 13 ကို မိတ်ဆက်ပြီးတာနဲ့ One UI 5 ရဲ့ ပထမဆုံး Beta Version ကို ဇူလိုင်လမှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

Ref : gsmarena