လွန်ခဲ့တဲ့ရက်အနည်းငယ်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာတစ်ခုအရ HUAWEI ဟာ ကမ္ဘာတစ်ဝန်း Active users အရေအတွက် အမြင့်မားဆုံးမှာ ရှိနေသေးတယ်လို့ သိရပါတယ်။ ပိတ်ဆို့မှုတွေကြုံတွေ့ရပြီးတဲ့နောက် သိသိသာသာ ရောင်းအားကျဆင်းသွားတဲ့ အမှတ်တံဆိပ်တစ်ခုမှာ ဒီလိုကိန်းဂဏန်းတွေရှိနေသေးတယ်ဆိုတာဟာ စိတ်ဝင်စားဖွယ်ရာပဲ ဖြစ်ပါတယ်။
သုံးနှစ်ကြာ ပိတ်ပင်ခံရပြီး ထုတ်လုပ်မှုပိုင်း၊ ရောင်းချမှုပိုင်းမှာပါ သိသိသာသာ ယုတ်လျော့သွားတဲ့ အမှတ်တံဆိပ်တစ်ခုအတွက် Active users အရေအတွက် အမြင့်ဆုံးရှိနေရတဲ့ အကြောင်းရင်းထဲမှာ လက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ကြုံတွေ့ခဲ့ကြရပြီး လက်ရှိနှစ်ရဲ့ ပထမနှစ်တက်အထိလည်း လူသုံးအီလက်ထရောနစ်ထုတ်ကုန်တွေ ဝယ်လိုအား နှေးကွေးနေတဲ့ လက္ခဏာကို ပြသနေဆဲ ဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ လက်ရှိပထမနှစ်ဝက်အတွင်း တရုတ်ဈေးကွက်မှာ မိုလ်ဘိုင်းဖုန်းတင်ပို့ရောင်းချရမှုဟာ အလုံးရေ ၁၃၆ သန်းသာ ရှိတယ်လို့ သိရပါတယ်။
Counterpoint ရဲ့ အချက်အလက်တွေကလည်း တရုတ်စမတ်ဖုန်းအသုံးပြုသူတွေရဲ့ အစားထိုးစက်ဝန်းဟာ ၂၀၁၉ ခုနှစ်အစမှာ ၂၄.၃ လကနေ ၃၁ လအထိ တိုးလာကြောင်းကို ပြသနေပါတယ်။ လူအများစုဟာ အသစ်တွေနဲ့အစားမထိုးသေးဘဲ အဟောင်းတွေကိုပဲ ဆက်ပြီးကိုင်တွယ် အသုံးပြုနေတုန်းဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနေတာပဲ ဖြစ်ပါတယ်။
တစ်ဖက်ကကြည့်ရင်လည်း လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျဆင်းလာတဲ့ မိုလ်ဘိုင်းဖုန်းရောင်းအားက HUAWEI device တွေရဲ့ Active user အရေအတွက် မြင့်မားနေရခြင်းကို ထောက်ကူပေးနေတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်အထိ HUAWEI ဟာ တရုတ်မိုလ်ဘိုင်းဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ရယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိအချိန်မှာ ဒီဟန်းဆက်တွေကို အသစ်တွေနဲ့ အစားထိုးသုံးစွဲခြင်းက နည်းပါးနေသေးတယ်ဆိုတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
နောက်တစ်ချက်က HUAWEI ရဲ့ AIoT ဂေဟစနစ်ပဲ ဖြစ်ပါတယ်။ HarmonyOS စနစ် ဖွံ့ဖြိုးရေးကို ပိုပြီးအာရုံစိုက်လာတာကလည်း AIoT ဂေဟစနစ်နဲ့အတူ Active user တွေ ဆက်လက်ကျန်ရှိနေစေပါတယ်။ ဂေဟစနစ်ကြောင့် ချိတ်ဆက်ထားတဲ့ Device တစ်ခုရှိနေသ၍ ကျန်တဲ့ အပြန်အလှန်ချိတ်ဆက်ထားတဲ့ Device ကိုလည်း ဆက်လက်သုံးစွဲဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။
Ref: Gizchina