Huawei က ဇူလိုင်လမှာ Nova 10 Series ဖြစ်တဲ့ Nova 10 နဲ့ Nova 10 Pro ကို ကြေညာခဲ့ပြီး အဲဒီ စမတ်ဖုန်း ၂ လုံးမှာ 4G ဆက်သွယ်မှုပဲ ပါလာပါတယ်။ အခုတော့ ကုမ္ပဏီက Hi Nova 10 5G လို့ ခေါ်တဲ့ 5G စမတ်ဖုန်း အသစ်ကို အောက်တိုဘာလ ၂၀ ရက်နေ့ တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Huawei Hi Nova 10 5G launch date

နာမည်ကြီး Tipster Factory Director ShiGuan က Huawei ဟာ တရုတ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ Hi Nova 10 5G ကို ကြေညာမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Nova 10 ကို 5G နဲ့ အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

huawei-nova-10

Huawei က Hi Nova 10 5G ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးဘဲ လာမယ့် ရက်ပိုင်းအတွင်းမှာ သတင်းတွေ ထွက်လာနိုင်ပါတယ်။ Hi Nova 10 5G ဟာ Nova 10 ကို အခြေခံထားတာ ဖြစ်တဲ့အတွက် Nova 10 ရဲ့ Specs တွေကို လေ့လာကြည့်ရအောင်။

Huawei Nova 10 မှာ အရွယ်ကြီး ၆.၇ လက်မ Full HD+ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 300Hz Touch Sampling Rate ပါလာပြီး 20:9 Aspect Ratio ရှိပါတယ်။ Octa-core Snapdragon 778 4G Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။

ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main , 8MP Ultrawide , 2MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 60MP ၁ လုံး တပ်ဆင်ထားပါတယ်။ 66W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး HarmonyOS V2.0 မောင်းနှင်ထားပါတယ်။ လုံခြုံရေးအတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Ref : gizmochina