Samsung Galaxy S23 ကို Geekbench မှာ တွေ့ခဲ့ပြီးနောက် အခုတော့ Galaxy S23 Ultra ကိုလည်း Geekbench မှာ တွေ့လာရပြီး မော်ဒယ်နံပါတ်က SM-S918U ဖြစ်ပါတယ်။

Samsung Galaxy S23 Ultra

Geekbench က စာရင်းအရ Samsung Galaxy S23 Ultra မှာ အမည် မဖော်ပြထားတဲ့ Chipset ထည့်သွင်းထားပြီး Kalama Motherboard Logo ပါပါတယ်။ CPU Architecture က “1+2+2+3” ဖြစ်ပြီး Main Core Frequency က 3.6GHz ဖြစ်ပါတယ်။ အဲဒါဟာ Qualcomm Snapdragon 8 Gen 2 Chipset ဖြစ်ပါတယ်။

Samsung Galaxy S23 Ultra benchmark score

Geekbench မှာ စမ်းသပ်ထားတဲ့ ဖုန်းဟာ Single Core မှာ ၁,၅၂၁ မှတ်နဲ့ Multi Core မှာ ၄,၆၈၉ မှတ် ရထားပါတယ်။ နှိုင်းယှဉ်ရရင် Snapdragon 8 Gen 1 ပါတဲ့ Samsung Galaxy S22 Ultra ဟာ ၁,၂၀၀ နဲ့ ၄,၂၀၀ မှတ် အသီးသီး ရထားပါတယ်။ Geekbench က စမ်းသပ်တဲ့ ဖုန်းမှာ 8GB RAM ထည့်ထားတယ်လို့ ပြောပြီး အနည်းဆုံး 12GB RAM ပါတဲ့ မော်ဒယ်ကို ရောင်းချနိုင်ပါတယ်။ စမ်းသပ်တဲ့ ဖုန်းမှာ Android 13 မောင်းနှင်ထားတဲ့အတွက် OneUI 5 လို့ ထင်ရပါတယ်။

Samsung ဟာ Exynos Chipset ပါတဲ့ Samsung Galaxy S23 မော်ဒယ်ကို ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ အရင်ပေါက်ကြားသတင်းတွေအရ Samsung ဟာ ၂၀၂၃ ခုနှစ်ထုတ် S Series အားလုံးမှာ Qualcomm SoC သုံးထားမယ်လို့ သိရပြီး သတင်းအသစ်တွေအရ Exynos Chip တွေကို သုံးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Ref : gizmochina