Facebook ရဲ့ မိခင် ကုမ္ပဏီ Meta က ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလရဲ့ ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Meta ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း Metaverse မှာ များစွာ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ စီးပွားရေးဟာ တိုးတက်မလာတာ တွေ့ရပြီး အဲဒီအတွက် Mark Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာလည်း ကျဆင်းသွားခဲ့ပါတယ်။
Meta ရဲ့ ကွာတား ၃ ဝင်ငွေဟာ ဒေါ်လာ ၂၇.၇၁၄ ဘီလီယမ် ဖြစ်ပြီး အရင်နှစ် ကွာတား ၃ ဝင်ငွေ ၂၉.၀၁၀ ဘီလီယမ်ထက် ၄ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ အသားတင် အမြတ်ငွေက ဒေါ်လာ ၄.၃၉၅ ဘီလီယမ် ဖြစ်ပြီး အရင်နှစ်ရဲ့ ၉.၁၉၄ ဘီလီယမ်ထက် ၅၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ရှယ်ယာ ၁ ခုရဲ့ တန်ဖိုးဟာ ၁.၆၄ ဒေါ်လာ ဖြစ်ပြီး အရင်နှစ်ရဲ့ ၃.၂၂ ဒေါ်လာထက် ၄၉ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။
ဒါပေမယ့် Zuckerberg က ရင်းနှီးမြှပ်နှံသူတွေကို စိတ်အေးအေးထားဖို့နဲ့ Metaverse ဟာ အလားအလာကောင်းကြောင်း ပြောခဲ့ပါတယ်။
Forbes ရဲ့ နောက်ဆုံး စစ်တမ်းအရ Mark Zuckerberg ဟာ ကြွယ်ဝချမ်းသာမှုတွေ လျှင်မြန်စွာ ကျဆင်းနေပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုး ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံး အကြိမ် အနေနဲ့ Zuckerberg ဟာ အမေရိကရဲ့ အချမ်းသာဆုံး လူ ၁၀ ယောက် စာရင်းထဲမှာ မပါလာတော့ပါဘူး။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာ ဒေါ်လာ ၇၆.၈ ဘီလီယမ် ကျဆင်းသွားပါတယ်။ Forbes ရဲ့ အမေရိကန်က အချမ်းသာဆုံး လူ ၄၀၀ စာရင်းမှာ သူဟာ နံပါတ် ၃ နေရာကနေ နံပါတ် ၁၁ နေရာကို ရောက်သွားပါတယ်။
Ref : gizchina